“ပညာလိုချင်လျှင် အလီတံခါးမှလာပါ”
ကုတ် နံပါတ် : 317455  ရက်စွဲ : 2012/05/25 - 02:36 ကိုးကားချက် : MSMprint

“ပညာလိုချင်လျှင် အလီတံခါးမှလာပါ”

ဦးဖိုးလေး(ခ)ဦးစိုးမြင့် (မရ်ဟွမ်)
(ဇာကိရ်) တောင်ကြီးအေမာမ်ဘာရာ ရေးသားသီးကုံးခဲ့သည့်
“ပညာလိုချင်လျှင် အလီတံခါးမှလာပါ” အား မြန်မာရှီအာ မွတ်စလင်ဆိုက်မှ
အဗ်နာ သတင်းဌာနအနေဖြင့် ကူးယူဖော်ပြလိုက် ပါသည်။
 

ဦးဖိုးလေး (မရ်ဟွမ်) တောင်ကြီး အေမာမ်ဘာရာ


 “ပညာလိုချင်လျှင် အလီတံခါးမှလာပါ”

ဘိစ်မိလ္လာ ဟိရ်ရဟ်မားန် နိရ်ရဟီးမ်
မောင်လာအလီ
မွရှ်ကိလ်ကိုရှဟ်သခင် အမိန့်ရှိသည်မှာ “စလူးနီ စလူးနီ” မေးစရာရှိလျှင်မေးနိုင်ကြောင်း အမိန့်ရှိ တော် မူလေသည်။ ထို့ကြောင့်အများစုက
မေးသည့်မေးခွန်း-မောင်လာအလီ(အ.စ)၏ ဖြေဆိုချက်။


ဘာသာဝင်များအတွက်ဗဟုသုတမှတ်တမ်း။


၁။ ပန်ဂျတန်ဆိုတာကို သိပါရစေ?
၂။ပန်ဂျတန် ဘယ်နှစ်မျိုးရှိပါသလဲ?
၃။မိဘမဲ့ ပန်ဂျတန်ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ?
၎။ တစ်ကို ဘာနှင့်ပေါင်းပေါင်း နှစ်လုပ်လို့မရသလို အစဉ်လိုက် ၅ အထိသိပါသလား?
၅။ ဟိုင်ဒရ်ဆိုသည့်ဘွဲ့ကို မောင်လာအလီ(အ.စ) သခင်အား ဘယ်သူကပေးသလဲ?
၆။အလီ(အ.စ)သခင် အရှက်ကွဲအောင် အလှူခံခိုင်းသည့်ကိစ္စ ဘာရသွားပါသလဲ?
၇။ယောင်္ကျားလေးမိခင် ဘယ်သူလဲ! တရားဆုံးဖြတ်ပုံကို သိပါရစေ?
၈။ကလေးအမေ ဘယ်သူလဲ!
၉။ကူဖွာမြို့မှ ဂျနာဇာနမားဇ် ဖတ်ပေးခိုင်းတာ ဘာဖြစ်သွားသလဲ?
၁၀။ကေယာမတ်နေ့အထိ နေရောင်ခြည် တစ်ကြိမ်သာ ကျရောက်သည့်နေရာကို ပြောပြပါ?



အဖြေများ။
၁။ ဘာဘာအာဒမ်ကို အလ္လာဟ်အရှင်မြတ် ဖန်ဆင်းချိန်တွင်
ဂျန္နတ်၌အလ္လာဟ်အရှင်မြတ်၏ နူရီတော်မှ

ခွဲထုတ်၍ နမားဇ်ဝတ်ပြုနေသူ
မိုဟမ္မဒ်(ဆွ)၊အလီ(အ.စ)၊ဖွာတေမာ(စ.အ)သခင်မ၊ ဟစန်(အ.စ)နှင့်
ဟိုစိန်(အ.စ)တို့သည်ပန်ဂျတန် ဖြစ်သည်။(ကမ္ဘာမတည်မီကာလ)



၂။ ကျမ်းတော်မြတ်ကွရ်အာန် မိုဘာဟေလာတွင် အလ္လာဟ်အရှင်မြတ်
သတ်မှတ်သည့်သားတော်နှင့်

အမျိုးသမီး၊ အ သက် အဖြစ် မောင်လာတို့ကား
ပန်ဂျတန်(၅)ပါးဖြစ်သည်။ တမန်တော်မြတ်(ဆွ)၏ ကျာဒရ်ယမာနီတွင် ခြုံလွှမ်းထား
သူများကားအာလေအဘာ ပန်ဂျတန်ဖြစ်ပြီး ကျာဒရ်ပိုင်ရှင်

သမီးတော်အပေါ်
အာယသေ့သသ်ဟီးရ်နာဇိလ် ကျရောက် သည်။ ဖော်ပြပါ အမှတ်စဉ်(၁)နှင့်

ပေါင်းလျှင်
အဖြေရပါသည်။



၃။  မိဘမဲ့ ပန်ဂျတန်ဆိုသည်ကား


(၁)ဘာဘာအာဒမ်    


(၂)မာမာဟ၀ါသခင်မ


(၃)ဆွာလေးပိုင်ဂမ်ဘရ် ဒိုအာကြောင့်တောင်ကွဲ ၍ထွက်လာသော ကုလားအုတ်(နာကာအေဆွာလေး)    


(၄)မူစာပိုင်ဂမ်ဘရ်၏ တောင်ဝှေး-အစွာတုတ်-မြေပေါ်ချလျှင် နဂါး-လက်ထဲတွင် တောင်ဝှေး
(၅)အိဗ်ရာဟီမ်ပိုင်ဂမ်ဘရ်သခင်
မိမိ၏သားကို ကွရ်ဘာနီလုပ်သည့်အခါ အလ္လာဟ်အရှင်မြတ်ဖက်မှ

ဒွန်ဘာနှင့် လွဲ
ပြောင်း ပေး သည့်သတ္တ၀ါ စသည်တို့ကားမိဘမဲ့ ဖြစ်ကြသည်။



၎။ တစ်ကို ဘာနှင့်မျှ ပေါင်း၍ နှစ်လုပ်လို့ မရသည်ကား
အလ္လာဟ်တစ်ပါးတည်းဖြစ်သည်။ နှစ်

ဘာနှင့်ပေါင်းပေါင်း သုံး
လုပ်မရသည်ကားနေ့နှင့် ညဖြစ်သည်။ သုံး ဘာနှင့်ပေါင်းပေါင်း လေး

လုပ်မရသည်ကား
သုံးသလပ်ကွာရှင်းပြီး မိန်းမ အား ပေါင်း၍ မရပါ။ လေးကို ဘာနှင့်
ပေါင်းပေါင်း

  ငါး လုပ်မရသည်ကား ဓာတ်ကြီး(၄)ပါး
(ပထ၀ီ၊တေဇော၊အာဘော၊၀ါယော)နှင့် ဖွဲ့စည်းထားသော လူသတ္တ၀ါဖြစ်သည်။ ငါး
ဘာနှင့်ပေါင်းပေါင်း မရသည်ကား ပန်ဂျတန်ငါးပါး ဖြစ်သည်။
ယခုအဖြေကြောင့်မေးခွန်းမေးသူများ အီမာန်ယူကြသည်။



၅။ မေင်လာအလီ(အ.စ)သခင် မွေးကင်းစကလေးဘ၀ မိခင်ဖွာတေမာဘင်တေအစဒ်သခင်မ
ပုခက်ထဲထည့်ထားစဉ် လူကြီးများ မရှိခိုက် မြွေကြီးတစ်ကောင် ပုခက်ပေါ်တက်လာရာ
မောင်လာအလီ(အ.စ)သခင်က ပါးစပ်မှ အပြီးထိ
ဆွဲဖြဲပစ်လိုက်သည်ကို မိခင်ရောက်ရှိလာ၍ တွေ့သဖြင့် "ဟိုင်ဒရ်"ဟူသောဘွဲ့အမည်ကို ဖွာတေမာဘင်သေအစဒ် သခင် မ က မှည့်ခေါ်ခဲ့လေသည်။



၆။ အခါတစ်ပါး၌ ရဟူဒီနာစ်ရာနီလူတစ်စု ထိုင်နေသည့်နေရာသို့
တောင်းရမ်းသူ စာအိလ်တစ်ဦးရောက်

လာပြီး အားလုံး ထံမှ ဘာပဲရရ အလှူခံ၏။ ထိုစဉ်
မနီးမဝေးမှကြွလာနေသော မောင်လာအလီ(အ.စ)ကို အရှက်ကွဲစေရန် အလို့ငှာ ထို
တောင်းရမ်းသူအား ရဟူဒီတို့က ယခုလာနေသော ပုဂ္ဂိုလ်ထံသွားရောက်တောင်းရမ်းပါဟု
လမ်းညွှန်လိုက်သည်။ အဆို ပါ စာအိလ်သည်မောင်လာအလီ(အ.စ)ထံ ရောက်လာ၍
အလှူခံသည့်အခါ မောင်လာအလီ(အ.စ)သည် ဘာမှ မပါလာ ၍တောင်းရမ်းသူ၏
လက်ကိုကိုင်ပြီး စလ၀ါးသ်(၁၀)ကြိမ် ဖတ်မှုတ်ပြီး လက်ကိုဆုပ်ထား။
အိမ်ရောက်မှဖွင့် ဟုအမိန့်ပေး ၍ ထွက်သွားလေ၏။ အနီးရှိ လူများက
တောင်းရမ်းသူကို ဘာပေးသွား သလဲဆိုသည်ကို ၀ိုင်းမေးကြရာ ထိုသူကဖြစ် ကြောင်း
ကုန်စင် ပြောပြ၏။ လူအုပ်ကြီးမှာ ဟားတိုက်ရယ်မောကြပြီး လက်ကိုဖြန့်ရန်
တောင်းဆိုကြသဖြင့် လက်ဖြန့်ပြ ရာ ရွှေဒင်္ဂါး (၁၀)ပြားကို တွေ့ရှိရလေသည်။
အားလုံးမှာ အမှားအမှန်သိရှိသွားပြီး မောင်လာအလီ(အ.စ) ထံလိုက်လံ၍
အီမာန်ယူကြလေသည်။


၇။ မိခင်နှစ်ဦးသည် ကလေးတစ်ယောက်ကို သူပိုင်သည် ငါပိုင်သည်ဟု
အငြင်းပွား၍ ရုံးတော်သို့ ရောက်ရှိလာရာ ဖြေ ရှင်း ပေးနိုင်မည့်သူ
မရှိ၍မောင်လာအလီ(အ.စ)သခင်အား သွားရောက်ပင့်ခေါ်ရာ မောင်လာအလီ(အ.စ )ရောက်ရှိ
လာပြီး အရွယ်အစားချင်းတူသော ခွက်နှစ်လုံးတွင် မိခင်နှစ်ဦး၏ နို့ရည်ကို
အပြည့်ထည့်စေပြီး ချိန်ခွင်နှင့်ချိန်သည့်အခါ ခွက်တစ်လုံးကအလေးပို၍
တစ်လုံးမှာ အလေး လျော့နေသည်ကို အများမြင်စေပြီး လေးသောဖက်ရှိနို့ရည်၏
ပိုင်ရှင်အ မျိုးသမီးသည် ကလေးငယ်၏ မိခင်ဖြစ်သည်ဟုဆုံးဖြတ်ပေးခဲ့ သည်။



၈။ ညီလာခံတစ်ခု၌ မွေးကင်းစကလေးငယ်တစ်ဦးကို အမျိုးသမီးနှစ်ဦးက
သူ့သား ငါ့သားဟူ၍

အငြင်းပွားကြ၏။ ပရိ သတ် များက
မောင်လာအလီ(အ.စ)ဆုံးဖြတ်မှုပေးမည်ကို စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြ၏။
မောင်လာအလီ(အ.စ)သည် အကြောင်းစုံ မေးမြန်း ပြီးနောက်
ယခုအဆုံးအဖြတ်ကိုမနီးမဝေး၌ ကစားနေသူ သားတော် အေမာမ်ဟိုစိန်(အ.စ)သခင်အား
ခေါ်၍ ဆုံးဖြတ်စေရာအေမာမ် သခင်က ထိုမွေးစကလေးကို အမိန့်ရှိသည်မှာ
“အလ္လာဟ်အရှင်မြတ်၏
တန်ခိုးတော်နှင့်ထပြီး မင်းအမေ ဘယ်တစ်ယောက်လဲ” ဟု မေး
တော်မူသည့်အခါကလေးငယ်က ထ၍ စကား ပြော သည် ကား “တစ်ယောက်မှ ကျွန်တော်၏
အမေမဟုတ်ပါ ကလေးသူခိုးမများဖြစ်ပြီး မောင်လာအလီ(အ.စ) သိက္ခာကျစေရန်
ဖန်တီးခြင်းသာဖြစ်သည်”ဟု အဖြေပေးလေသည်။ ထိုအမျိုးသမီးနှစ်ဦးမှာလည်း
ဝန်ခံခဲ့သည်။


၉။ ကူဖွာမြို့(မောင်လာအလီ(အ.စ)နန်းတက်သည့်မြို့)၌
ဂျနာဇာတစ်ခုကိုလူတစ်စုထမ်းလာပြီး မောင်လာအလီ(အ.စ)အား ဂျနာဇာ
နမားဇ်ဖတ်ပေးရန်တောင်းဆိုရာ မောင်လာအလီ(အ.စ)က အေးအေးဆေးဆေးပြန်သွားကြရန်
ပြော ဆို ရာလက်မခံဘဲ အတင်းအဓမ္မ ဆန္ဒပြုလာ၍ ဂျနာဇာနမားဇ် ဖတ်ပေးပြီး
ယူသွားတော့ဟုအ မိန့်ပေး ရာ ပါလာ သူများ အားလုံးက ၀ိုင်းရယ်ပြီး
ဂျနာဇာအတွင်းတွင် လူအရှင်ထည့်ထားပါသည်ဟု ပျက်ရယ်ပြု၏။ မောင်လာအလီ(အ.စ)က
ဂျနာဇာဖွင့်ကြည့်ကြဦးဟုမိန့်ဆိုရာ ဖွင့်ကြည့်ကြသည့်အခါ ထိုသူကား အမှန်တကယ်
သေဆုံးနေသည်ကိုတွေ့မြင်ကြ၍ ငိုကြွေးနေကြစဉ် သေသူနှင့် သက်ဆိုင်သူက
လိုက်လာပြီးမောင်လာအား ခြေထောက် ကိုင်ကာ ခွင့်လွှတ်ရန် တောင်း
ဆိုသည့်အခါမောင်လာအလီ(အ.စ)က အားလုံးကို ဆုံးမ၍ ဒိုအာတောင်းပေးသည့်အခါ
လူသေမှာပြန်ရှင် ၍ အားလုံးမှာ အီမာန်ယူကြကုန်၏။



၁၀။ မူစာပိုင်ဂမ်ဘရ်သခင်အား ဖှိရ်အောင်၏ စစ်တပ်က
လိုက်လံသတ်ဖြတ်ရာရှေ့တွင် နိုင်းမြစ်ပိတ်ဆို့နေ၍ မူစာပိုင်ဂမ် ဘရ်သခင်က
ဒိုအာတောင်းသည့်အခါမြစ်ရေသည် နှစ်ခြမ်းကွဲ၍ လမ်းဖြစ်သွားပြီး ထိုမြေပေါ်သို့
နေရောင်ခြည် ကျ ရောက် ၏။ဤသည်ကား ကေယာ မတ်နေ့အထိ နေရောင်ခြည်တစ်ခါသာ
ရောက်ရှိသည့်နိုင်းမြစ်နှစ်ခြမ်းကွဲစဉ်က မူစာ ပိုင်ဂမ်ဘရ်
ဖြတ်သွားမည့်မြေလမ်းဖြစ်သည်ဟု မောင်လာအလီ(အ.စ)မှ အဖြေပေးခဲ့သည်။
     
 ယခုအမေးအဖြေကဏ္ဍများသည် ဂဒီရေခွမ်းဟဒီးစ်တော်ပါ
မော်ဂျေဇာစာအုပ်မှကောက်နှုတ်သည်။

(ပိုင်ရှင် မရ် ဟွမ်အား ဂျန္နတ် နစီးဘ်
ပေးတော်မူပါယာအလ္လာဟ်)



မို့အ်မင်န် မို့အ်မေနတ် အားလုံးသို့
စလာမ်ဒိုအာပြုလျက်                                                                              


 ဦးဖိုးလေး(ခ)ဦးစိုးမြင့်
(ဇာကိရ်) တောင်ကြီးအေမာမ်ဘာရာ။







 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်