နိုက်ဂျီးရီးယား မုစ်လင်မ်များ လူမှုကျင့်ဝတ်များ ကျေပွန်ခြင်း အလေးပေး ဆောင်ရွက်
ကုတ် နံပါတ် : 332861  ရက်စွဲ : 2012/07/29 - 23:11 ကိုးကားချက် : mmsy မှတိုက်ရိုက်print

နိုက်ဂျီးရီးယား မုစ်လင်မ်များ လူမှုကျင့်ဝတ်များ ကျေပွန်ခြင်း အလေးပေး ဆောင်ရွက်

တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကျရောက်ပါစေ)၏ လမ်းစဉ်ကို ဖ၀ါးခြေထပ်လိုက်သည့်
အနေနှင့် နိုက်ဂျီးရီးယား မုစ်လင်မ်လူငယ်များ အဖွဲ့သည် သူတို့၏ အဖွဲ့အစည်းတွင် ပူးပေါင်း ပါဝင်မှုမှတဆင့်
အစ္စလာမ်သာသနာ နှင့် ပတ်သက်သော သတင်းစကားများကို အများသိရှိစေရန် လုပ်ဆောင်ပေးမည့် လုပ်ငန်းစဉ်
တစ်ရပ်ကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။
 

 နိုက်ဂျီးရီးယား မုစ်လင်မ်များ လူမှုကျင့်ဝတ်များ ကျေပွန်ခြင်း အလေးပေး ဆောင်ရွက်

 အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။
အစ္စလာမ် ဆိုင်ရာ ယဉ်ကျေးမှု နှင့် အသိပညာပေးရေး လှုပ်ရှားမှု အဖွဲ့ အနေနှင့် မိမိတို့၏ အဖွဲ့ဝင်များ နှင့် အဖွဲ့အစည်းကို နှုတ်အားဖြင့် သတင်းစကားပေးခြင်း မှ လက်တွေ့ပြုမူဆောင်ရွက်ခြင်း အားဖြင့် မိမိတို့၏ လူမှုအဖွဲ့အစည်းများကို အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး ပိုမိုကောင်းမွန်သည့် အပြောင်းအလဲအဖြစ် ဦးဆောင်လွှမ်းမိုးထားနိုင်သည့် အနေအထားတစ်ရပ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာစေရန် မျှော်လင့်လျက်ရှိသည် ဟု MICA ၏ အမှုဆောင် အတွင်းရေးမှူး Mallam Sulayman Olokodana က OnIslam.net ကို ပြောကြားခဲ့ပါသည်။

 
လူမှုရေး ကျင့်ဝတ်များကို တာဝန်ကျေပွန်စွာ လုပ်ဆောင်မှု ပြုခြင်းမှ တဆင့် ဒါဝဟ်ပြုခြင်း (ဖြန့်ချိခြင်း) ဆိုသည့် သဘောတရားအားဖြင့် လူမှု အဖွဲ့အစည်းတစ်ရပ်အား အစ္စလာမ်သာသနာ နှင့် ပတ်သက်ပြီးပိုမို သိရှိနားလည် သဘောပေါက်စေရန် နည်းလမ်းတစ်ရပ်အသွင်ဖြင့်  ဤလုပ်ငန်းစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

 
“အခုလုပ်ဆောင်နေတဲ့ MICA ရဲ့လုပ်ငန်းစဉ်ကတော့ လူတစ်ချို့ရဲ့ ဖန်တီးမှုကြောင့် သာသနာအပေါ် အထင်မြင်လွဲမှားမှု တွေကို ဖယ်ရှားဖို့ ကျွန်တော်တို့ အမျိုးသားထုရဲ့ သမိုင်းမှာ တွင်ကျန်ဖို့ အမှတ်အသား အဖြစ်ပါ ”ဟု Olokodana က ဆိုပါသည်။

 
တမန်တော်မြတ်သည် လူသားတို့၏ ပုဂ္ဂိုလ်ရေးရာ အဖြစ်အပျက်များမှ တဆင့် လက်တွေ့ပြသကာ အစ္စလာမ်သာသနာကို လူသားထုသိရှိအောင် လက်တွေ့ ကျင့်သုံးပြသသကဲ့သို့ ယနေ့ခေတ် မုစ်လင်မ်ထု အနေနှင့် ပြုမူမည်ဆိုပါက စကြာဝဠာတစ်ရပ်လုံးဆိုင်ရာ လူသားညီနောင်များ အဖြစ် ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်ခြင်းကို ပုံဖော်နိုင်မည် ဟုသူက ယုံကြည်ပါသည်။

 
ယခု လုပ်ငန်းစဉ်မှာ လူငယ်မျိုးဆက်သစ်များ အကြား အစ္စလာမ်သာသနာ၏ အခြေခံသဘောတရားကို မီးမှောင်းထိုးပြရန် နှင့် မုစ်လင်မ်တို့၏ နိုးကြားစိတ်ကို ပြန်လည် ရှင်သန်နိုးထလာစေရန် လုပ်ဆောင်နေသည့် ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများ အနက် တစိတ်တဒေသသာ ဖြစ်သည်ဟု Olokodana က ဆိုပါသည်။

 
“ဤလှုပ်ရှားမှုဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူငယ်တွေကို အခြားသော အစ္စလာမ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးတွဲ ချိတ်ဆက်မိလာစေဖို့ ရည်ရွယ်တယ်” ဟု သူက ဆိုပါသည်။

 
၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သော MICA သည် အစ္စလာမ်သာသနာကို လူထုသိရှိစေရန် လှုံ့ဆော်ပေးမည့် ဘွဲ့ရ၊ ဘွဲ့ကြို၊ ဘွဲ့လွန် စသည့် ပညာတတ် မုစ်လင်မ်လူငယ်များ ပါဝင်သည့် အသင်းအဖွဲ့ တစ်ရပ်ပင် ဖြစ်ပါသည်။

 
MICA သည် ယနေ့မျက်မှောက်ခေတ် ကမ္ဘာလုံးဆိုင်ရာ မုစ်လင်မ်ထု တွေ့ကြုံရင်ဆိုင်နေရသည့် လူမှုရေး ယုံကြည်ချက်ဆိုင်ရာ ပြဿနာများကို ဆန့်ကျင်တားဆီးနေသော အဖွဲ့အစည်းတစ်ရပ် အဖြစ် ကိုယ်စားပြု ဖော်ပြလျက် ရှိသည်။

 
၎င်းတို့ အနေနှင့် အစ္စလာမ်သာသနာ၏ အမှန်တရားကို လူအများသိရှိစေရန် ပုံဖော်ခြင်း၊ အစ္စလာမ့် ယဉ်ကျေးမှု၊ မျက်မှောက်ခေတ် လူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးလာမှု အပေါ် မုစ်လင်မ်ထုအား တန်ဖိုးထားမှု၊ အလ္လာဟ်အရှင်မြတ်  ဖြစ်ပေါ်တည်ရှိခြင်း တို့ နှင့် ပတ်သက်၍ လူအများ မှန်ကန်စွာ သိရှိရန် ဖြန့်ချိခြင်းတို့ ပြုလုပ်ရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

 
ထိုအဖွဲ့အစည်း အနေနှင့် နိုက်ဂျီးရီးယားရှိ မုစ်လင်မ် မိသားစုများကို ကူညီရန် အထူးသဖြင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု များစွာ ရှိနေပါသည်။

 
လူမှုရေး ကျင့်ဝတ်များကို တာဝန်ကျေပွန်စွာ လုပ်ဆောင်မှု ပြုခြင်း

 
၎င်းတို့၏ အဖွဲ့သည် လူမှုရေးတာဝန်များကို ကျေပွန်စွာလုပ်ဆောင်ခြင်း မှတဆင့် အစ္စလာမ်သာနာတော် နှင့် ပတ်သက်၍ ဖြန့်ချိခြင်းပြုခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းသစ်များစွာကို အစပြု ဆောင်ရွက် လျက်ရှိသည် ဟု Olokodana က ဆိုပါသည်။

 
“ဒီစီမံကိန်းကတော့ တစ်ခါမှ မစတင်ခဲ့ဘူးတဲ့ လုပ်ငန်းစဉ် အသစ်ပါ။ ဒါပေမဲ့ LASUTH (လာဂို့စ်ပြည်နယ် သင်ကြားရေး ဆေးရုံ) မှာရှိတဲ့ ကလေးဆောင်ကို သွားရောက်လည်ပတ်ပြီး ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်ခြင်းကို တော့ ပြုလုပ်ခဲ့ပါတယ်” ဟု သူက OnIslam.net ကို ပြောကြားခဲ့ပါသည်။

 
“အခြားသော အကျိုးပြု စီမံကိန်းများစွာ အနက် လာဂို့စ် ပြည်နယ်တွင် အသိအမှတ်ပြုခံရသည့် ၀တ်ကျောင်းတော်များ၏ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ကျွန်တော်တို့ လုပ်ဆောင်နေတယ်”

 
ပိုမို ကောင်းမွန်လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးရေးစီမံကိန်းများတွင် တစ်စိတ်တစ်ဒေသ ပါဝင်ခြင်းဖြင့် လည်းကောင်း၊ ရွေးချယ်ခံထားရသော တာဝန်ရှိသူများကို စံနမူနာ ကောင်းများ ဖြစ်စေရန် ဖိအားပေးခြင်း၊ သို့မဟုတ် အလုပ်မှ နှုတ်ထွက်စေခြင်း၊ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခြင်း စသည်တို့အားဖြင့် လူထုအကျိုးပြု လုပ်ငန်းရပ်ပေါင်း များစွာတွင် မိမိတို့ အဖွဲ့အနေနှင့် ပါဝင်ဆောင်ရွက်လျက် ရှိသည်ဟု သူက ပြောခဲ့ပါသည်။

 
“တကယ်လို့ အစ္စလာမ်ကသာ အစီအစဉ်ကျနပြီး ပျက်စီးမှု ကင်းမဲ့တဲ့ လူအဖွဲ့အစည်း တစ်ရပ်ကို တောင်းဆိုလိုလား မယ်ဆိုရင် ကျွန်တော်တို့ မုစ်လင်မ်ထု အနေနဲ့ အလ္လာဟ်ကသွန်သင်ထားတယ်၊ အလ္လာဟ်က လမ်းညွှန်ထားတယ် ဆိုရုံသာ မပြောနေဘဲ အလ္လာဟ်သွန်သင်ထားတဲ့ အဲဒီ အမူအကျင့် အပြုအမူများကို ကျွန်တော်တို့ရဲ့ လူမှု ၀န်းကျင်မှာ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ပြဖို့ တာဝန်ရှိပါတယ်”

 
“ဒီလိုနည်းအားဖြင့် ကျွန်တော်တို့ဟာ အစ္စလာမ်ရဲ့ အမှန်တရား သတင်းစကားကို တောင့်တင်းခိုင်မာတဲ့ အနေအထား တစ်ရပ်ကနေ ပို့ဆောင် ဖြန့်ချိပေးနိုင်မှာပါ။ အဲလိုမဟုတ်ဘဲ သာသနာရဲ့ လမ်းညွှန်ချက်ကနေ လွဲချော်တဲ့ အနေအထား နဲ့ သာသနာက ရှောင်ကြဉ်အပ်တယ်လို့ သင်ပြထားတဲ့ စိတ်ဓာတ် အလွဲအမှားနဲ့ ပါဝင်လုပ်ဆောင်နေမယ်ဆိုရင် ကျွန်တော်တို့ဟာ အစ္စလာမ်သာသနာရဲ့ ဖြစ်တည်မှုကို အများသိရှိအောင် လုပ်ဆောင်နေတာ မဟုတ်တော့ပါဘူး” ဟု သူက ဆိုပါသည်။

 
“ဒါကြောင့်မုစ်လင်မ်ထု တစ်ရပ်လုံးသည် ကောင်းမွန်ပြီး လူသားဆန်သော ညီအစ်ကိုစိတ်ဓာတ်ကို ပုံဖော်နေသာ စံပြလူသားများဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ဟာ MICA မှ ကျွန်တော်တို့ အားလုံးရဲ့ ခိုင်မာသော ယုံကြည်ချက်တစ်ရပ်ပါဘဲ”

 
” ကျမ်းတော်မြတ် ကုရ်အာန်ကလည်း အဲလိုဘဲ ညွှန်ကြားထားသလို တမန်တော်မြတ် နှင့် တမန်တော်၏ နောက်လိုက်သာဝက များကလည်း မက္ကာမြို့တော်မှာ အခြေခံကာ မဒီနာ ၌လည်းကောင်း၊ ကမ္ဘာ အနှံအပြား အရပ်ရပ်မှ လည်းကောင်း သူတို့ရရှိခဲ့သော သတင်းစကားများ အပေါ်မှာ အခြေပြုပြီး ကောင်းမွန်သော စံနမူနာတွေနဲ့ သက်သေပြ ကျင့်သုံးခဲ့တယ်။ ယနေ့ မုစ်လင်မ်ထု အနေနဲ့လည်း သူတို့ရဲ့ ခြေရာကို ဖ၀ါးခြေထပ် လိုက်နာ ကျင့်သုံးရပါမယ်”

 
ခရစ်ယာန်များ အနေနှင့် အကျိုးပြုလုပ်ငန်း ၄၀ရာခိုင်နှုန်းခန့်သာ လုပ်ဆောင်နိုင်ခဲ့ချိန်တွင် မုစ်လင်မ်များ အနေနှင့် လူဦးရေ သန်းပေါင်း ၁၄၀ ရှိသော နိုက်ဂျီးရီးယား ပြည်သူများ၏ ၅၅ရာခိုင်နှုန်း နီးပါးကို အကျိုးပြုပေးခဲ့ပါသည်။

 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်