အရက်သေစာသောက်စားခြင်းနှင့် အဟ်လေ့ဘိုက် (အ.စ)အမြင်
ကုတ် နံပါတ် : 332862  ရက်စွဲ : 2012/07/29 - 23:16 ကိုးကားချက် : MSMprint

အရက်သေစာသောက်စားခြင်းနှင့် အဟ်လေ့ဘိုက် (အ.စ)အမြင်

msm


 အရက်သေစာသောက်စားခြင်းနှင့် အဟ်လေ့ဘိုက် (အ.စ)အမြင်

 
အရက်သေစာ သောက်စားခြင်းကို တားမြစ်ထား သည့် ဟဒီးစ်တော်ပေါင်း မြောက်များစွာ ရှိပါ သည်။ သာဓကအားဖြင့်ဖော်ပြရမည် ဆိုလျှင် အေမာမ် မိုဟမ္မဒ်ဘာကေရ် (အ.စ) မှမိန့်တော် မူ သည်မှာ -

 
"အရက်သမား သည် ကေယာမတ် နေ့ အချိန် တွင် လာသည့်အခါ ၎င်း ၏မျက်နှာ သည် မဲနေ မည်။
၎င်း၏ လျှာသည် အပြင်ထွက်နေပေမည်။ ၎င်း၏ တွံတွေးသည် ၎င်း၏ရင်ပေါ် စီးကြနေပေ မည်။ "
(ဝဆာအေလွရှ် ရှီအာကျမ်း ၊ ဂိုနာယေကဗီရကျမ်း)


 

အေမာမ် မိုဟမ္မဒ်ဘာကေရ် (အ.စ) ၏ ဒုတိယ ရီဝါယတ်တော်မှာ  -

 
"အရက်သမား) သည် ရေငတ်တယ်၊ရေငတ်တယ် ဟု တမ်းတပေမည် ။
အလ္လာဟ် ဟို အရှင်မြတ် သခင်သည်  ဇေနာသည်များ၏  မသန့်သည် အရေများထည့်ထားသည်
 ရေတွင်းမှ တိုက်ရန် အ စွမ်းကို ကို ပိုင်ဆိုင်လေသည်။ "
ဝဆာအေလွရှ် ရှီအာကျမ်း ၊ ဂိုနာယေကဗီရကျမ်း

 
 

 
တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) သခင် မိန့်ကြားတော်မူသည်မှာ -

 
"အကြင် မည်သူ မဆို နမာဇ်ကို ပေါ့ ပျက်ပျက် ပြုပါက ကျွန်ုပ် ၏ရှဖာအတ် မှ ကင်းဝေရပေမည် ။ ကျွန်ုပ်၏အနီး ကောင်စဲရ် ရေကန်တော် အထိရောက်ရမည် မဟုတ်ချေ။ အလ္လာဟ်ဟို အရှင်မြတ်
၏ကစမ် ။  အကြင်မည်သူ မဆို မူးယစ်စေသည့် အရာ သုံးသောက်မည်ဆိုလျှင် လည်း ၎င်းသူ
သည်လည်း ကျွန်ုပ် ၏ရှဖာအတ် မှ ကင်းဝေရပေမည် ။ ကျွန်ုပ်၏အ နီး ကောင်စဲရ် ရေ ကန်တော်
 အထိရောက်ရမည် မဟုတ်ချေ။ အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ် ။"
 (ဝဆာအေလွရှ် ရှီအာကျမ်း ၊ ဂိုနာယေကဗီရကျမ်း)

 

 
မဟာတမန်တော်မြတ် ကြီး (ဆွ) သည် အရက်သေစာ နှင့်ပတ်သက်သည် (၁၀)
မျိုးသော သူများ ကို လအ်နတ် ပြုထားတော်မူပါသည်။

 
 

၁။ အရက်လုပ်ရန် နီယသ်ဖြင့် အပင်(စပျစ် … ) စိုက်သူ

 
၂။ အရက်လုပ် ရန် အပင်(စပျစ် … ) ကို ပြုစု ပျိုးထောင်ပေးသူ

 
၃။ အရက်လုပ် ရန် အပင်(စပျစ် … ) ထုထောင်း၊ကြိတ်ပေးသူ

 
၎။ အရက်သေစာ သောက်စားသူ

 
၅။ အရက်သေစာ တိုက်ကျွေးသူ

 
၆။ အရက်သေစာ  ပို့ဆောင်ရေး လုပ်သူ

 
၇။ အရက်သေစာ သယ်လာသူဆီမှ အရက်သေစာ ယူသူ
(ဥပမာ အရက်ကားစသည်ဖြင့်မှ လက်ဆောင် ၊လာဒ် စသည်
အဖြင့် အရက်ပုလင်း ယူထားသူ)

 
၈။ အရက်သေစာ ရောင်းစားသူ

 
၉။ အရက်သေစာ ဝယ်သူ

 
၁၀။ အရက်သေစာ ကြောင့်ရသည့် ငွေဖြင့် လုပ်စားသူ

 
ဝဆာအေလွရှ် ရှီအာကျမ်း ၊ ဂိုနာယေကဗီရကျမ်း

 
 
အေမာမ်ဂျာအ်ဖွာဆွာဒစ်(အ.စ) မိန်တော်မူသည်မှာ -

 
"အရက်သောက်သည့် အကျင့်ရှိသူ(အရက်သမား) သည် အလ္လာဟ် ဟိုအရှင်မြတ်နှင့်တွေ့ဆုံချိန်

 
(သေချိန်) တွင် ရုပ်ထုဆင်းတု ကိုးကွယ်သူ ၏တွေ့ဆုံခြင်း ပမာဖြစ်ပေမည်။"

 

အခြား ရီဝါယတ်တော်တွင် လာရှိသည်မှာ -

 
"အရက်သောက်သည့် အကျင့်ရှိသူ(အရက်သမား) သည် အလ္လာဟ် ဟိုအရှင်မြတ်နှင့်တွေ့ဆုံချိန်

 
(သေချိန်) တွင် ကာဖေရ် ၏တွေ့ဆုံခြင်း ပမာဖြစ်ပေမည်။"

 
အေမာမ်ဂျာအ်ဖွာဆွာဒစ်(အ.စ) ၏ အခြား ရီဝါယတ်တော်တွင် လာရှိသည်မှာ -

 
"အရက်သေစာ သည် ဂိုနာ တိုင်း၏ အကြောင်းခံ ဖြစ်ပေသည်။"

 
ဝဆာအေလွရှ် ရှီအာကျမ်း ၊ ဂိုနာယေကဗီရကျမ်း


 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်