ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ
ကုတ် နံပါတ် : 319808  ရက်စွဲ : 2012/06/04 - 12:21 ကိုးကားချက် : myanmarsarpayprint

ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ

ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ အကြောင်း ကို ချစ်ပရိတ်ကြီးအဖို့ ကျွန်တော်များ အဗ်နာ သတင်းဌာအနေဖြင့် myanmarsarpay မှ နဆင့် တိုက်ရိုက်ကူးယူဖော်ပြလိုက်ပါသည်။ 

ABNA - MYANMAR


 ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ












ကမ္ဘာတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀၀ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊
သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀၀ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ (Tar)၊
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)၊ ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက်(Hydrogen Cyanide)၊ သတ္တုဓါတ်များ (Metals)၊ အမိုးနီးယား (Ammonia) နဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ပေါင်းများ (Radioactive Compounds) တို့ပါဝင်ပါတယ်.. ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ

* အဆုတ်လေပြွန်ကို ကျဉ်းစေခြင်း
* နှလုံးခုန်နှုန်းကို မြန်စေခြင်း
* သွေးဖိအားကိုတိုးစေခြင်း
* သွေးကြောငယ်များကို ကျဉ်းစေခြင်း
* ဆေးလိပ်တွင် ပါဝင်သော ကာဗွန်မိုနောက်ဆိုဒ်က ခန္ဓာကိုယ် တစ်ရှူးများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို အဟန့်အတား ဖြစ်စေခြင်း တို့ဖြစ်ပါတယ်
ဆေးလိပ်သောက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးများလည်း ခံစားရမှာ ဖြစ်ပါတယ်.. အဆုတ်ကင်ဆာ (Lung Cancers)၊ အဆုတ်လေပြွန် ကျဉ်းစေသော ရောဂါ (Emphysema)၊ နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါ (Chronic Bronchitis) စတဲ့ အဆုတ်ရောဂါများအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေပါတယ်.. နောက်ထပ် ဖြစ်နိုင်တဲ့ရောဂါများကတော့ ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ရောဂါများ ဖြစ်ပွားစေပါတယ်.. သွား၊ လက်ချောင်း ၊ ဆံပင်တို့ကိုလည်း ဆေးလိပ်ငွေ့ အရောင်းစွန်းထင်းမှု ရှိစေခြင်း၊ ခံတွင်းနှင့် အဝတ်အစားများကိုလည်း အနံ့အသက်စွဲစေခြင်း တို့ကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း အနှောက်အယှက် ဖြစ်စေပါတယ်..
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း (Nicotine) ဟာ အာရုံကြောနဲ့ ကြွက်သားဆုံချက် (Nerve Muscle Junction) တွင် အကျိုးသက်ရောက်မှုကြောင့် ခြေလက်များ တုန်ခြင်း၊ သွေးကြောငယ်များကို ကျဉ်းစေခြင်းကြောင့် နှလုံးအတွက် ဝန်ပိစေခြင်း၊ သွေးတိုးစေခြင်း၊ ခြေဖျားလက်ဖျားများ အေးစေခြင်း၊ အာရုံကြောစနစ်ကို လှုံဆော်မှုကြောင့် စိတ်လှုပ်ရှားနိုးကြားမှုဖြစ်ခြင်း (Excitement)၊ စိုးရိမ်ပူပန်ခြင်း (Anxiety) များတဒင်္ဂဖြစ်ပေါ်ပြီး နီကိုတင်း ပြယ်သွားသည်နှင့် စိတ်ကျခြင်း (Depression) ဖြစ်ပေါ်လာတတ်ပါတယ်.. နီကိုတင်းဟာ စွဲစေတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်..
ဆေးလိပ်သောက်သူအတွက်တော့ ဗိုက်တာမင်အားဆေးများ သုံးစွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း တို့ထက် ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးနည်းလမ်းမှာ ဆေးလိပ်ဖြတ်ခြင်းပင် ဖြစ်ပါတယ်.. ဆေးလိပ် ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ ကျန်းမာရေးသည်လည်း အကောင်းဖက်သို့ ဦးတည်လာပါတယ်.. တစ်နေ့လျှင် မိနစ် ၂၀ တစ်ပတ် ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဆေးလိပ်အဆိပ်သင့်မှုများ တဖြည်းဖြည်း လျော့ပါးလာပါတယ်..
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ချွေးထွက်ခြင်းကြောင့်၎င်း၊ အောက်စီဂျင်ကို လုံလောက်စွာ ရှူရှိုက်ရ၍၎င်း နီကိုတင်းဓါတ်များလျော့ပါးလာစေပါတယ်.. ဆေးလိပ်ဖြတ်စတွင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့လက္ခဏာများ ခံစားရနိုင်ပြီး ဆေးလိပ် အလွယ်တကူ ရှိသောနေရာ၊ ဆေးလိပ် သောက်သူရှိသော နေရာများကိုရှောင်ရှားရပါမယ်.. နီကိုတင်း အစားထိုးဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့် သုံးစွဲပြီး ဖြတ်နိုင်ပါတယ်.. အခြား နီကိုတင်းအစားထိုးစရာများကတော့ နီကိုတင်းပါသော Gum ၊ ရှူဆေးများ (Inhaler)၊ နှာခေါင်းဖျန်းဆေးများ (Nasal Spray)တို့ဖြစ်ပါတယ် ။

 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်