သေဆုံးခြင်းနောက်ဝယ်
ကုတ် နံပါတ် : 320674  ရက်စွဲ : 2012/06/08 - 09:53 ကိုးကားချက် : MSMprint

သေဆုံးခြင်းနောက်ဝယ်

သေဆုံးခြင်းနောက်ဝယ်

နေသူ ရေးသား သီးကုံး ထားသည့် “သေဆုံးခြင်းနောက်ဝယ်” ပို့စ်အား စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များအဗ်နာ မှ မျှော်လင့်ပြီး msm site မှ နဆင့် တင်ပြအပ်ပါသည်။

 

နေသူ


 သေဆုံးခြင်းနောက်ဝယ်

အစ္စလာမ်သာသနာ မတိုင်ခင်အလျှင်ရှိ များစွာသောဘာသာ သာသနာများတွင် သေ ဆုံးပြီးသောသူများ သည် ဤလောကသို့ပြန်လည် ရောက်ခြင်းဟူသော အယူဝါဒများကို လက်ခံယုံကြည် ခဲ့ကြသည်။ အထူး သဖြင့်လူသားသည် သေဆုံးပြီးနောက်ပိုင်း ပြန် လည်ဝင်စားနိုင်သည်ဟူ၍ သဘောပေါက်နားလည်ထား ကြ သည်။ထိုကဲ့သို့သောအယူ ဝါဒများနှင့်စပ်လျှင်း၍ ကုရ်အာန် တွင် သေဆုံးပြီးသူများသည် ဤလောကသို့ပြန်မ လာနိုင်ကြောင်း အတိအကျပြဌာန်း ထားချက်များအနက် အချို့ကို ကောက်နှုတ်၍ တင်ပြပါမည်။

ကုရ်အာန်၂၁း၉၅ တွင်

(ငါအရှင်ဖျက်စီးခဲ့သည့် မြို့ရွာသားတို့သည် ဤလောက သို့ပြန်လာခြင်းကို ဟရမ်ဟူ၍ တားမြစ်ထား ပြီး ဖြစ်သည်။)

အလားတူ ကုရ်အာန်၂၃း၁၀၀ တွင်

(သေဆုံးသူများအားလုံးသည် “ဘရဇခ်”ဟူသော သက်ရှိလောကနှင့် တမလွန်စပ်ကြားရှိ ကြားစခန်းတွင် ရောက်ရှိကြသည်။) ဟူ၍ဖော်ပြ ထားသည်။

ထိုနည်းတူစွာ၂း၂၈၊၂၂း၆၆၊၄၀း၁၁တို့တွင်

(လူသားတိုင်းသည် သက်မဲ့ဘဝမှ ဤလောကသို့ သက်ရှိအဖြစ်ရောက်ရှိ လာခဲ့ကြသည်။ တဖန်သက်မဲ့ဘ ဝသို့ ပြန်လည်ရောက်ရှိမည်။ ကေယာမသ် တရားစီရင်သောနေ့တွင် တဖန်ပြန် လည်ရှင်သန်ကြရ မည်။)

ဟူ၍ပြဌာန်းချက်များမှ အချို့ကိုတင်ပြခြင်းဖြစ်သည်။ ဖန်ဆင်းရှင်သည် ကုရ်အာန်တွင် မိမိ၏ ဂုဏ်ပုဒ်များ ကို ဖော်ပြရာ၌ ငါအရှင်သည် တရားဆုံးဖြတ်ကြသော တရားသူကြီး များအနက် “အဟ်ကမွလ်ဟာကေ မီးန်း”အမျှတဆုံးသော တရားဆုံးဖြတ်သည့် တရား သူကြီးဖြစ်သည်ဟု ကျေညာထားသည်။ ထိုနည်းတူ စွာ “အရ်ဟာမွလ်ရာဟေမီးန်”ဂရု ဏာ ထားသူများအနက် ဂရု ဏာအရာ၌ သူမတူအောင်ထားနိုင်ဆုံးသူဟူ၍ ဖော်ပြထားသည်။ ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန်ဗျာဒိတ်သက်တန်း နှစ်၁၅၀၀အ တွင်း မည်သည့်ခေတ်၊ မည်သည့် ကာလက မျှ၊ မည်သူတစ်ဦးတစ်ယောက်က ကုရ်အာန်ပါဥပဒေ များနှင့် စပ်လျှင်း၍ တရားမျှတမှုမရှိဟူ၍ ပြစ်တင်ရှုံ့ချခဲ့နိုင်ခြင်း အလျှင်းမရှိသေးခဲ့ပေ။

ဖန်ဆင်းရှင်သည် ကုရ်အာန်၂၁း၉၅ပါ “ဘရ်ဇခ်”ဟူသော ဤလောကနှင့် နောင်တမ လွန်(ခေါ်)ကမ္ဘာ့ တရားစီရင်မည့် နေ့တို့၏ကြားစခန်းကို ဖန်ဆင်းခြင်းသည်ပင်လျှင် ၎င်း ၏တရားမျှ တဆုံးသောတရားသူကြီး ဖြစ်ကြောင်းကို ကမ္ဘာသို့လက်တွေ့ တင်ပြခြင်း တစ်ရပ်ဖြစ်သည်။ ကုရ်အာန်တွင် အချိန်နှင့်စပ်လျှင်း ၍ဖော်ပြချက်များတွင် အလွန်တိ ကျပြတ်သား ရှင်းလင်း စွာ ဖော်ပြထားသည်။

ကမ္ဘာရှိလူသားတစ်ရပ်လုံး ရေတွက်လျက် ရှိသော ရက်ပေါင်း၃၆၅ရက် တစ်နှစ်ဟူသော အ ချိန်နှင့် ကေယာမသ်နေ့တရားဆုံးဖြတ် ပြီးလူသားတို့ထာဝရ နေကြရမည့် တစ်ရက် သည်နှစ်ပေါင်း ငါးသောင်း ကွာခြားသည်ဟုဖော်ပြ ထားသည်။ (ကမ္ဘာ၏ Dimen -sion နှင့်သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ရမည့် ကမ္ဘာ၏ Dimension တို့မှာမတူပေ။) ဆိုလိုရင်းမှာ ဤလောကတွင် သုံးစွဲလျက်ရှိသော နှစ်ငါးသောင်း သည်ကေယာမသ်ကမ္ဘာ့ တရား ခွင်နေ့၏ တစ်ရက်ဖြစ်သည်။ ကုရ်အာန် ၇၀း၎တွင် ဖေါ်ပြထားသည်။သို့ရာတွင် “ဘရဇခ်”ဟူသော ကြား စခန်းသည် အ ချိန်နှင့်အာကာသ၏ လွှမ်းမိုးမှုမရှိသော နေရာ အဖြစ် ဖန်ဆင်းထားကြောင်း ကုရ်အာန်တွင် မြောက်များစွာ နေရာများ၌်ဖော်ပြ ထားသည်။

ကုရ်အာန်၂၀း၁၀၄။၂၃း၁၁၃။၄၇း၁၈။၇၉း၄၆။(၄)နေရာတွင်၊ လူတိုင်းကေယာမသ်နေ့ တွင် ပြန်လည်ရှင်သန်ကြရာတွင် တစ်ရက်လောက်ဟုပင် ထင်မှတ်ကြမည်။

အလားတူကုရ်အာန်၁၀း၄၅။၃၀း၅၅။၄၆း၃၅တို့ တွင် ဘရ်ဇခ်မှပြန်လည် ရှင်သန်ကြရာ ဝယ်၊တစ်နာရီလောက်သာလျှင် နေခဲ့သည်ဟုသွေဖည်သူများ ကပြေကြားမည်ဟု(၃)နေ ရာ တွင် ဖော်ပြ ထားသည်။ကေ ယာမသ်နေ့ ပြန်လည်ရှင်သန်ကြရာ၌ အထက်ပါအာ ယာသ်များအရ အချို့ကတစ်ရက်၊ အချို့ကတစ်နာရီ ဟုပြောဆိုကြသော အခါကုရ်အာန် ၂၃း၁၁၄တွင်(ဖန်ဆင်းရှင်က ၎င်းတို့အား အသင်တို့သည် တစ်အောင့် မျှပင်နေခဲ့ကြသည်မ ဟုတ်ဟု ပြန်လည်ဖြေကြားမည်။)

ထိုသို့သော အကြောင်းများကြောင့် ကုရ်အာန်၃၂း၁၁တွင်(အသင်ပြောကြားပါလေ)ငြင်း ပယ်သူတို့အား တာဝန်ပေးထားသော သေမင်းတမန်က အသင်တို့၏အသက်ကိုနှုတ် သိမ်းလိုက် သည်နှင့်အသင်တို့၏ အရှင်ထံသို့ ပြန်လည်ရောက်ရှိ ကြရ မည်ဖြစ်သည်။) ဟုဆို ထားပေသည်။ လောကတွင် ရှင်သန်လျက်ရှိ သူတိုင်းသည် သေဆုံးသွားသည်နှင့် “ဗရ်ဇခ်”အချိန်နှင့်အာကာ သ၏ လွှမ်းမိုးမှုမရှိသော နေရာတွင်နေ ကြရမည်။ကေယာ မသ်နေ့ တွင် တံပိုးခရာနှစ်ကြိမ်မှုတ်မည်။ ပထမအကြိမ်တံပိုးခရာ မှုတ်သောအခါ လောက တွင်ကျန်ရှိနေသော သက်ရှိအား လုံးသေ ဆုံးသွားကြမည်။ ဒုတိယ တံပိုးခရာမှုတ် သည်နှင့် သေဆုံးသူအားလုံး “ဗရ်ဇခ်” ကြားစခန်းမှ အားလုံးပြန်လည် ရှင်သန်ကြမည်။

သို့မှသာ ကေယာမသ်ဟူသော ကမ္ဘာ့တရားစီရင်မည့်နေ့တွင် လူသားတိုင်း၏ ကောင်းမှု၊ မကောင်းမှုတို့ကို အဆုံးအဖြတ် ပေးမည့်နေ့ကို တူညီစွာစောင့်ဆိုင်းကာလမရှိ ပြန်လည် ရှင်သန် ကြရ မည်ဖြစ်သည်။ ဤသည် ဖန်ဆင်းရှင်၏ “အဟ်ကမွလ်ဟာကေမီးန်” တ ရားဆုံးဖြတ်သော တရားသူကြီးများအနက် အမျှတ ဆုံး တရားဆုံးဖြတ်သော တရားသူ ကြီးဟူသောဂုဏ်ပုဒ် ကိုဖော်ပြ ရန်အတွက် “ဘရ်ဇခ်” ဟူသောစခန်း ကို ဖန်ဆင်း ခဲ့ကြောင်း ကုရ်အာန်တွင်ထင်ရှားစွာ ဖော်ပြထားခြင်းဖြစ်သည်။

ကုရ်အာန်၏ထူးခြားချက်မှာ “ဘရ်ဇခ်”ဟူသောကြားကာလသည် အချိန်နှင့်အာကာသ ၏ လွှမ်းမိုးမှုမရှိသော စခန်းဟုမြောက်များ စွာဖော်ပြထားခဲ့သည်။ သို့ရာတွင်ကုရ်အာန်၏ အခြား နေရာ များတွင်ထိုဖော် ပြပါအယူဝါဒနှင့်ဆန့်ကျင်သော၊ ဆန့်ကျင်သရောင်ရှိသော ဆန့်ကျင်နေသည်ဟုယူဆရသော မည်သည့်အမိန့်ပညတ်ချက် တစ်စုံတရာကို မျှ မြင်တွေ့ရမည် မဟုတ်ပေ။ ဤ သည် ကမ္ဘာကြီးတည်နေသ၍ လူသားတစ်ရပ်လုံးအ တွက် ထာဝရဖြောင့်မတ်သော လမ်းကိုတရားမျူတစွာဖြင့် ညွှန်လျက်ရှိနေမည့် ဗျာဒိတ် ကျမ်းမြတ်ကုရ်အာန်ပင်ဖြစ်၏။
တရုတ်မြန်မာဘာသာပြန်မှာကူးယူးကောက်နုတ်တင်ပြပါဧ။် ။


 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်