ဇေနာ နှင့် နေကာ
ကုတ် နံပါတ် : 321241  ရက်စွဲ : 2012/06/10 - 20:42 ကိုးကားချက် : MSMprint

ဇေနာ နှင့် နေကာ

ဇေနာ နှင့် နေကာ

မမာလာသန်း ၊ ရေးသား ထားသည့်((ဇေနာ နှင့် နေကာ )) ပို့စ်အား အင်ရှာအလ္လာဟ် အကျိုး အထူးရှိမည်ဟု မျှော်လင့် မိ
ပါသဖြင့် ကျွန်တော်များ အဗ်နာ သတင်းဌာနမှ ၊လေးစားအပ်ပါသော ချစ်ပရိတ် သတ်ကြီး အတွက် တင်ပြလိုက်ရပါသည်။ 

တင်ပြသူ - မာလာသန်း


 ဇေနာ နှင့် နေကာ

အသျှင်မြတ်သည် လူ့မျိုးဆက် ပြန့်ပွားရေး အတွက်အမျိုးသားနှင့် တို့တွင် သီးခြားဆွဲဆောင်မူတစ်မျိုးစီဖြင့် ဖန်ဆင်း တော်မူထားသည်။ ထို့ကြောင့်စိတ်ဓာတ်ထကြွလာသည့်အခါ တစ်နည်းနည်းဖြင့် ဆန္ဒကိုဖြည့်ဆည်းလိုကြသည်။ထိုသို့ မဖြည့်ဆည်းရပါက အသိတရား ချွတ်ချော်မှားယွင်းသွားတတ်သည်။
ထိုတောင်းဆိုချက်ကို ဖြည့်ဆည်းရေးအတွက်ရှရီအသ်က နေကာ ကိုပြဌာန်းကာ ဇေနာကို ပိတ်ပင်ထားသည်။ ဇေနာ ကျုး လွန်ရန်မဆိုထားနှင့် ဇေနာမြောက်စေမည့်အနီးသို့ပင် မချဉ်းကပ်ရန် ဗျာဒိတ် တော်လာရှိသည်။ တစ်နည်းအားဖြင့် ဇေနာမူကျုးလွန်ရာ မြောက်သည့်အကြောင်းခံများကိုပင်ရှရီအသ်ကပိတ်ပင်ထားခြင်းဖြစ်သည်။
 
ထိုဇေနာမြောက် စေသောအချက်အချို့ များမှာ

 
1. ဂိုင်ရ်မဟ်ရမ်ကို ကြည့်ခြင်း

 
မဟ်ရမ် ဆို သည်မှာ နေကာပြုပိုင် ခွင့်မရှိသူများကို ခေါ်သည်။ဂိုင်ရ်မဟ်ရမ် ဆိုသည်မှာ နေကာပိုင် သော တစိမ်းတရံစာ များကိုခေါ်သည်။

 
ဆွေမျိုးနီးစပ်ချင်း လွယ်ကူစွာတွေ့ ဆုံခွင့်ရတတ်သောမတ်၊ခဲအို တို့သည် မောသ် ဖြစ်ကြောင်း ဟဒီးစ်တော်ကသတိ ပေးထားသည်။အထူးသဖြင့် ခါလာ မာမှူ ဖူဖီ နှင့် ကြာကြာတို့ ၏သား ဖြစ်သော ဝမ်းကွဲတို့က ချိုသာသောစကားများ ပြောကြား လာပြီ ဆိုလျှင်တစ်ဖက်ကလည်း နူးညံ့သွားကာ တွေ့ ဆုံရေး အတွက်အခွင့်အလမ်း များကိုရှာကြံ လာသည်။

သူစိမ်းများကို ကြည့်ခွင့်မရှိ သကဲ့သို့ သူမ တို့၏ဓာတ်ပုံ၊ရုပ်ပုံ ကိုကြည့်ခြင်းလည်း ဟရာမ် ဖြစ်သည်။

 
2. (ဂိုင်ရ်မဟ်ရမ်) နေကာပိုင်သူနှင့် စကားစမြည် ပြောဆိုခြင်း

 
မလွှဲသာ မရှောင်သာစကားပြော ရလင့်ကစား ကနွဲ့ ကလျ မပြောကြ နှင့်ဟုအမျိုးသမီးများအား လမ်းညွန် ထားပြီးဖြစ် သည်။ စကားပြောရာမှ အတင့်ရဲလာပြီးနောက်အ ချင်းချင်း တွေ့ ဆုံဖို့ကြိုးစားလာကြမည်။ အသံတွင်လည်းစွဲငင်အား ရှိနေသောကြောင့်အမျိုး သမီးများအား အာဇာန်ဆိုမှူကိုခွင့်မပြုခြင်းဖြစ်သည်။

 
3. (ဂိုင်ရ်မဟ်ရမ်) နေကာပိုင်သူ နှင့် အတူနေထိုင်ခြင်း

ယောက်ျား နှင့် မိန်းမ အတူရှိနေက တတိယ သူမှာရှိုင်တွာန် ဖြစ်သည်။ရာဂစိတ် များနိုးကြွ စေကာ ဂိုနာ ကျုးလွန် လိုစိတ်ပေါ်ပေါက်လာရန်ဒင်းကလှုပ်ဆော်မည်။ယုတ်စွအဆုံး မြင်တွေ့ သူတို့အား သူတို့နှစ်ဦးကိုမဟုတ်မမှန်စွပ်စွဲ ရန် စိတ်ညွတ်စေသည်။

 
4. (ဂိုင်ရ်မဟ်ရမ်) နေကာပိုင်သူနှင့် လျှို့ဝှက်ဆက်သွယ်ခြင်း

 
အချို့အမျိုးသမီးများသည်မိမိ၏အတွင်းရေးကအစလိုအပ်ချက်များကို သူစိမ်းအမျိုးသားအားပြောပြတတ်သည်။ဤ သို့ဖြင့်အမျိုးသားက စိတ်ဝင်လာပြီး သူမ၏ လိုအပ်ချက်များ ကိုကူညီရာမှတဖြေးဖြေး မသင့်လျော်သော အဆက် အ သွယ် များထားရှိလာ ကြသည်။ အမျိုးသားကဟန်ဆောင်မှူ့အမျိုးမျိုးဖြင့် သိမ်းသွင်းတတ်ကြသည်။

 
5. ညစ်ညမ်းစာပေဖတ်ခြင်း

ဤသို့စာများကြောင့် ဇေနာ ကျုးလွန်ခွင့် မရသော်လည်းအတွေးအခေါ်ညစ် ထေးသွားသည်။ နမာဇ် ဖတ်သော်လည်း ယင်းဘက်ကိုသာ စိတ်ညွတ်နေမည်။

 
6. မဖွယ်မရာများ ကြည့်ခြင်း

ယနေ့ တီဗီ၊ဗီဒီယို များအိမ်တိုင်းပြန့်နှံ့ နေပေပြီအိမ်တွင်ထားရှိခြင်းမှာတနည်းအားဖြင့်ရှိုင်တွာန် တပ်ကြီး တစ်တပ် အ တွက်စခန်းဖွင့်ပေးထားသကဲ့သို့ဖြစ်နေတတ်သည်။

  

 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်