သက်ကြီးရွယ်အိုများနှင့်ပြုမူဆက်ဆံခြင်း
ကုတ် နံပါတ် : 321941  ရက်စွဲ : 2012/06/13 - 17:45 ကိုးကားချက် : MSMprint

သက်ကြီးရွယ်အိုများနှင့်ပြုမူဆက်ဆံခြင်း

သက်ကြီးရွယ်အိုများနှင့်ပြုမူဆက်ဆံခြင်း

ရွခ်စာနား ရေးသား သီးကုံး ထားသည့် “သက်ကြီးရွယ်အိုများနှင့်ပြုမူဆက်ဆံခြင်း” ပို့စ်အား စာဖတ် ချစ်ပရိသတ်များ
အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များအဗ်နာ မှ မျှော်လင့်ပြီး msm site မှ တဆင့် တင်ပြအပ်ပါသည်။


 

ရွခ်စာနား


 သက်ကြီးရွယ်အိုများနှင့်ပြုမူဆက်ဆံခြင်း

သက်ကြီးရွယ်အိုများနှင့်ပြုမူဆက်ဆံခြင်း

အေမာမ်ဆွာဒိ(က်)(အ.စ) မိန့်တော်မူသည်မှာ - သက်ကြီးရွယ်အိုများကို ရိုသေစွာဖြင့် ပြုမူဆက်ဆံပါ။

          ကျွန်ုပ်တို့၏ တမန်တော်မြတ်(ဆွ)နှင့် အေမာမ်များ(အ.စ) သည်- အသက်ကြီးသူများ၊ ငယ်ရွယ်သူများနှင့် ကလေးများကို ချစ်ခင်ကြင်နာမှု ထားရှိပါ။ ထိုနည်းတူစွာပင် ငယ်ရွယ်သူများသည် ကိုယ့်ထက်အသက်အ ရွယ်ကြီး သူများ ကိုအား အရိုအသေပေးပါ ဟူ၍ မိန့်ကြားခဲ့ပါသည်။

          ကျွန်ုပ်တို့သည် ဖခင်၊ မိခင်၊ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ်၊ ဆရာ၊ ဆရာမ၊ မည်သူမဆို ကိုယ့်ထက် အသက် အရွယ်ကြီးမည် ဆိုလျှင် ထိုသူများကို အရိုအသေပေးရမည်။ ဘယ်နေရာ၊ ဘယ်အချိန်မဆို ၎င်းသူတို့ကို တွေ့သည်နှင့် တစ်ပြိုင်နက် စလာမ်ပေးရမည်။ ၎င်းသူတို့၏စကားများကို နားထောင်ရမည်။ အလုပ်များတွင်လည်း အကူအညီပေးရမည်။

          ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဖိုး၊ အဖွား၊ သို့မဟုတ် အဖိုးအရွယ်၊ အဖွားအရွယ် ၎င်းသူများကို များစွာ အ ရိုအသေ ပေးရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ကျွန်ုပ်တို့ထက် အသက်အရွယ် ကြီးမား၏။ အလ္လာဟ် အရှင်မြတ်၏ အေဗါဒသ်များကို ကျွန်ုပ်တို့ထက် ပိုပြီး ဆောင်ရွက်၏။ အတွေ့အကြုံများ ဆိုလျှင်လည်း ကျွန်ုပ်တို့ ထက် ပိုရှိ၏။

          အေမာမ်ဆွာဒိ(က်)(အ.စ) မိန့်တော်မူသည်မှာ - မည်သူမဆို သက်ကြီးရွယ်အိုများကို အရိုအသေမပေးဘူး၊ ကလေးသူငယ်များကို အကြင်နာတရား မထားဘူးဆိုလျှင် ကျွန်ုပ်တို့၏ မျိုးနွယ်ထဲမှ မဟုတ် ဟုဆိုထားသည်။

          တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ - သက်ကြီးရွယ်အိုများအား အရိုအသေပေးခြင်းသည် တမန် တော်မြတ် (ဆွ) ၏ အရိုအသေဆိုပြီး ပြောကြားလိုက်ပါလေ ဟုဆိုထားပါသည်။ အကယ်၍ တစ်ဦးနှင့်တစ်ဦး မသင့် မြတ်ဘူး ဆိုလျှင်လည်း ကျွန်ုပ်တို့သည် သုံးရက်မတိုင်ခင်မှာပင် ၎င်းသူတို့၏ စိတ်အတွင်း၌ ဒေါသ၊ မာန်မာနများ ထင်ကျန်မှုမရှိပဲ တစ်ဦးနှင့်တစ်ဦး ပြန်လည် သင့်မြတ်အောင် လုပ်ဆောင်ပေးရမည်။

          ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး မသင့်မြတ်သည့် အချိန်တွင် ရှိုင်သွာန်သည် လွန်စွာ ပျော်ရွှင်၏။ တစ်ဦးနှင့်တစ်ဦး ပြန်လည် သင့်မြတ်သွားသည့်အချိန်တွင် ရှိုင်သွာန်သည် လွန်စွာ စိတ်ဆိုးပြီး ကျယ်လောင်စွာ အော်မြည်းလိမ့်မည် ဖြစ် သည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် အဘယ်ကြောင့် ရှိုင်သွာန်ကို ပျော်ရွှင်မှု ပေးမည်နည်း။ တစ်ဦးနှင့်တစ်ဦး မ သင့်မြတ်ခြင်းသည် လည်း မည်သည့်အကျိုးကျေးဇူးများ ရရှိမည်နည်း။ ထို့ကြောင့် မကျိုးမရှိသည့် အလုပ်ကို မ လုပ်ကြပါနှင့်၊ ရှိုင်သွာန်ကိုလည်း ပျော်ရွှင်မှုများ မပေးမိပါစေနှင့် ဟုပြောကြားချင်ပါသည်။

          အေမာမ်ဆွာဒိ(က်)(အ.စ) ၏ နောက်လိုက်နှစ်ယောက်ဖြစ်သူ မိုရာဇင်းမ် နှင့် အီစာ တို့သည် တစ်ဦးနှင့်တစ်ဦး မခေါ်ကြပေ။ အေမာမ်(အ.စ)သည် မိုရာဇင်းမ် ကိုတွေ့မြင်သည့် အချိန်တွင် - အို… မိုရာဇင်းမ် ၊ အသင် အီစာနှင့် စ ကားပြောမလား ဟု မေးလေ၏။ ထိုအခါ မိုရာဇင်းမ်ကလည်း ဟုတ်ကဲ့ ဟူ၍  ပြန်လည်ဖြေကြားခဲ့သည်။ ထိုအချိန် အေမာမ်(အ.စ) မိန့်ကြားသည်မှာ - အသင်သည် ကောင်းမွန်မြင့်မြတ်သော အလုပ်ကို လုပ်လိုက်သည်။ မသင့်မြတ်ခြင်းသည် အကျိုးမရှိပေ ဟုဆိုခဲ့၏။

          ကျွန်ုပ်တို့အမြဲကြိုးစားရမည်မှာ တစ်ဦးနှင့်တစ်ဦး မသင့်မြတ်လျှင်သော်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ရန် ဖြစ်နေလျှင်သော်လည်းကောင်း၊ ထိုသူများကို ပြန်လည် သင့်မြတ်အောင် ပြုလုပ်ပေးရမည်။ ထိုအလုပ်သည် ကြီးမား သောစ၀ါးဘ်ကို ရရှိစေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အေမာမ်များ(အ.စ)သည်လည်း ယင်းအလုပ်ကို အမွှန်းတင်ခဲ့သည်။ ရှီအာဘာသာဝင် နှစ်ယောက် အမွေကိစ္စနှင့် ပက်သက်၍ ရန်ဖြစ်ကြ၏။ အေမာမ်ဆွာဒိ(က်)(အ.စ) ၏ နောက်လိုက် တစ်ဦးသည် ထိုလူနှစ်ယောက်ကို ပိုက်ဆံပေးပြီး သူတို့၏ရန်ကို ငြိမ်းပေးခဲ့သည်။ ပြီးနောက် ပြောခဲ့သည်မှာ ဤပိုက် ဆံသည် ကျွန်ုပ်၏ပိုက်ဆံ မဟုတ်၊ အေမာမ်(အ.စ) ကျွန်ုပ်ကိုမိန့်ကြားခဲ့သည်မှာ - ရှီအာဘာသာဝင်များကို သင့် မြတ် အောင် လုပ်ပေးရမည်။ အကယ်၍ အဲဒီ့အလုပ်တွင် ပိုက်ဆံလိုအပ်မည်ဆိုလျှင် ထိုလိုအပ်သောပိုက်ဆံကို ကျွန်ုပ် ပေး မည် ဟူ၍ မိန့်တော်မူခဲ့သည် ဟုပြောကြားခဲ့လေသည်။

 

ကိုးကား ။ ။ ကျဲဟ် ဟဒီးစ်  - ကျဲဟ်ဟေကာရသ်

ရွခ်စာနား


 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်