သူတပါးကိုနှောက်ယှက်၊ဒုက္ခပေးခြင်း
ကုတ် နံပါတ် : 324359  ရက်စွဲ : 2012/06/24 - 08:56 ကိုးကားချက် : MSMprint

သူတပါးကိုနှောက်ယှက်၊ဒုက္ခပေးခြင်း

သူတပါးကိုနှောက်ယှက်၊ဒုက္ခပေးခြင်း
တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ - မည်သူမဆို သူတပါးကို နှောက်ယှက်၊ ဒုက္ခပေးပါက အကျွန်ုပ်တို့ကို
နှောက်ယှက်၊ ဒုက္ခပေးခြင်းနှင့် တူညီ၏။ 

ရွတ်စာနေ (ကွမ်း)(ခ) မနီလာသန်း


 သူတပါးကိုနှောက်ယှက်၊ဒုက္ခပေးခြင်း

သူတပါးကိုနှောက်ယှက်၊ဒုက္ခပေးခြင်း








တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ - မည်သူမဆို
သူတပါးကို နှောက်ယှက်၊ ဒုက္ခပေးပါက အကျွန်ုပ်တို့ကို နှောက်ယှက်၊
ဒုက္ခပေးခြင်းနှင့် တူညီ၏။


          ထိုသို့ပင် မို့အ်မင်န်များနှင့် မွစ္စလ်မာန်များကို
ပျော်ရွှင်အောင် ပြုလုပ်ခြင်းသည် ကောင်းမွန်၏။ ထိုသူများကို နှောက်ယှက်၊
ဒုက္ခပေးခြင်းသည် ကောင်းမွန်သောပြုရပ် မဟုတ်ပေ။ ကျွန်ုပ်တို့၏
လုပ်ရပ်များသည် သူတပါးကို စိတ် အနှောက်အယှက်၊ (သို့) စိတ်ဆိုးစေမည့်
လုပ်ရပ်ဖြစ်မည် ဆိုလျှင် ၎င်းလုပ်ရပ်များကို ရှောင်ကျဉ်ရမည်။


ဥပမာအားဖြင့်- သူတပါးအား လှောင်ပြောင်ခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်း၊
ကြောက်ရွံ့အောင်လုပ်ခြင်း၊ ရိုက်ပုတ်ခြင်း၊ လိမ်ညာပြောဆိုခြင်း၊
ထိုနည်းတူစွာ အခြားလုပ်ရပ်များကိုလည်း ရှောင်ကျဉ် ရမည်ဖြစ်ပါသည်။


          အဓိကအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ - မိမိ၏
အိမ်နီးနားချင်းများနှင့် မိမိ၏ အနီးတွင် နေထိုင်သူ များကို
မနှောက်ယှက်ပါနှင့်၊ ဒုက္ခမပေးပါနှင့်။ အဘယ်ကြောင့်ဆိုသော်
ကြီးကျယ်မြင့်မြတ်သော သာသနာသည် အိမ်နီး နားချင်းများနှင့် ပက်သက်ပြီး
အလေးပေး ညွှန်ပြထားပါသည်။


          အေမာမ်ဆွာဒိ(က်)(အ.စ)သည် - မိမိ၏ အိမ်နီးနားချင်းများနှင့်
ကောင်းမွန်စွာဆက်ဆံ၊ ပြောဆိုပါ ။ အဘယ် ကြောင့်ဆိုသော်
အလ္လာဟ်အရှင်မြတ်သည်လည်း ဤအကြောင်းအရာနှင့် ပက်သက်ပြီး မိန့််မှာထားသည်ကို
တွေ့ ရှိခဲ့ ရသည်ဟု မိန့်တော်မူခဲ့ပါသည်။ အချို့ကလေးများ
ဆော့ရင်း၊ပြုရင်းဖြင့် အနီးအနားအိမ်မှ ခေါင်းလောင်းကို သွား တီးမည်၊
ဆူညံမည်၊ မြေဖြူဖြင့် နံရံများပေါ်တွင် ခြစ်မည်၊ ယင်းလုပ်ရပ်များသည်လည်း
အိမ်နီးချင်းများအတွက် စိတ် အနှောက်အယှက်၊ စိတ်ညစ်စရာ လုပ်ရပ်များ
ဖြစ်လေသည်။ ဤလုပ်ရပ်များသည်လည်း အပြစ်တစ်ခုပင် ဖြစ်သည်။


          လူတစ်ဦးသည် အိမ်နီးနားချင်းများ၏ အနှောက်အယှက်ပေးမှုကြောင့်
မခံမရပ်နိုင် ဖြစ်ကာ တမန်တော်မြတ်(ဆွ) ထံတော်သို့လာရောက်၍ တိုင်ကြားလေ၏။
အို… တမန်တော်မြတ်(ဆွ) ၊ ကျွန်ုပ်သည် နေရာတစ်နေရာတွင် အိမ် ၀ယ်လိုက်သည်။
ကျွန်ုပ်သည် အိမ်နီးချင်းများထံမှ ကောင်းမှု   များမှလွဲ၍ မည်သည်ကိုမျှ
မျှော်လင့်ချက် မထားရှိခဲ့ပါ။ သို့သော် ၎င်းတို့၏ ဒုက္ခပေးမှုကြောင့်     
မငြိမ်းချမ်းခဲ့ပါ။


          တမန်တော်မြတ်(ဆွ)သည် လူတစ်ဖွဲ့ကို ဗလီသို့သွားခိုင်းပြီး ကျယ်လောင်သော အသံဖြင့် ဤသို့ အော်ခိုင်း၏။ မည်သူမဆို
မိမိ၏ အိမ်နီးချင်းများကို နှောက်ယှက်မည်၊ ဒုက္ခပေးမည် ဆိုလျှင်
အီမာန်မရှိသူ ဖြစ်၏။ တမန် တော်မြတ် စေလွှတ်သည့် အဖွဲ့သည်လည်း
ထိုအိမ်နီးချင်းများ        ကြားသည်အထိ သုံးကြိမ်တိုင်တိုင် ပြော ကြားခဲ့သည်။
အိမ်နီးချင်းများကို ဒုက္ခပေးခြင်းသည် အင်မတန်ဆိုးရွားသော လုပ်ရပ်ပင် ဖြစ်ပေ၏။


ကိုးကား ။ ။ ကျဲဟ် ဟဒီးစ်  - ကျဲဟ်ဟေကာရသ်




 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်