အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန - အဗ်နာ ။ ။
အလ်အာလမ် သတင်းဌာနမှကောက်နှုတ်တင်ပြရမည်ဆိုလျှင်
အသစ်တဖန်ဆော်ဒီရှီအာများ၏အကျော်အမော်ဘာသာရေးခေါင်းဆောင်များမှ ရှိက်ခ်နေမရ်အား(ကာသီးဖ်မြို့)ရှိမိမိမိတ်ဆွေအိမ်၌ရှိနေစဉ် အချိန်တွင်ဖမ်းဆီးချုပ်နှောင်
လိုက်ပြီး နနက်၎နာရီ အချိန်အခါတွင် (ဒမန်န်မြို့) သို့ ပို့ဆောင်ခဲ့လေသည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဤကိစ္စနှင့်စပ်လျဉ်းပြီး ရေငုံထားပေသည်။သို့သော်
သတင်းဌာနများမှအိမ်ရှေ့မင်းသားအဟ်မဒ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်၊နိုင်ငံခြားရေး
ဝန်ကြီးအသစ်သည်နှစ်ပေါင်းများစွာအိမ်ရှေ့မင်းသားနာရေဖ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်
(ကွယ်လွန်)၏ပထမလက်ထောက်တာဝန်ထမ်းဆောင်ခဲ့ရာမိမိ၏ရာထူး၊ထိုင်ခုံမြဲမြံခိုင်မာ ရန်အတွက်နိုင်ငံခြားရေးဝန်ကြီးရာထူးကိုစတင်ယူချိန်အစတွင်အကျော်အမော်နိုင်ငံရေးခေါင်း
ဆောင်များဘာသာရေးခေါင်းဆောင်များကိုဖမ်းဆီးချုပ်နှောင်မှုများပြုလာကြောင်းယုံကြည်ကြ
ပေသည်။
ဤအခြေအနေနှင့်ပတ်သက်ပြီးပြောရမည်ဆိုလျှင်ဆော်ဒီရှီအာများ၏အကျော်အမော်ဘာသာ
ရေးခေါင်းဆောင်များမှ ရှိက်ခ်နေမရ်အားဖမ်းဆီးချုပ်နှောင်မှုများပြုပြီးနောက် ကာသီးဖ်မြို့တွင်
ဆန္ဒပြမှုများဖြစ်ပွားလာနိုင်ခြေရှိပြီး ၊နိုင်နင်းရန်အတွက် ဆော်ဒီစစ်တပ်ကိုနေရာချထားပြီးဖြစ်ပါသည်။
အိမ်ရှေ့မင်းသားအဟ်မဒ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်
ရှိက်ခ်နေမရ်သည် ၁၉၅၉ ခုနှစ်တွင် အဝါမီယေအမည်ရှိရွာလေးတွင်မွေးဖွားခဲ့ပါသည်။
၎င်း၏ဖခင်မှာ ဘာဟ်ရိန်းနိုင်ငံအလ်အဟ်စာဒေသ၏အကျော်အမော်ရှီအာဘာသာရေး
ခေါင်းဆောင်အာလင်မ်တစ်ပါးဖြစ်ပါသည်။ ရှိက်ခ်နေမရ်သည် သာသနာပညာရပ်များကို
ကွမ်းသာသနာရွှေမြို့တော်နှင့်တီဟီရန်တွင်ဆည်းပူးခဲ့ပါသည်။ဆော်ဒီပြည်သူများအကြား
၎င်း၏ ခွသ်ဗာများသည် ကျော်ကြားလေသည်။
ဆော်ဒီရှီအာများ၏အကျော်အမော်ဘာသာရေးခေါင်းဆောင်များမှ ရှိက်ခ်နေမရ်
အိမ်ရှေ့မင်းသားနာရေဖ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်၊ကွယ်လွန်ပြီးနောက်ပေးခဲ့သည်
ခွသ်ဗာသည်၎င်း၏နောက်ဆုံးခွသ်ဗာဖြစ်ပြီး၊ထိုခွသ်ဗာပတွင်သေသွားသည်ရှီအာအားတအား
မုန်းတီးသည်အိမ်ရှေ့မင်းသားနာရေဖ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်အား သရော်ထားသည်ဟုဆိုပြီး၎င်း
ပုဒ်မဖြင့်အဖမ်းခံခဲ့ရခြင်းဖြစ်ပါသည်။
.................................................................