ဟေဂျားဘ်
ကုတ် နံပါတ် : 327668  ရက်စွဲ : 2012/07/08 - 17:40 ကိုးကားချက် : MSMprint

ဟေဂျားဘ်

ဘာကြောင့် ဟေဂျားဘ်ဝတ်ဆင်သင့်ပါသလဲ။
ကျွန်မဤဆောင်းပါးတွင်ဟေဂျားဘ်၏အရေးပါပုံကိုသာသနာ့တာဝန်တစ်ရပ်အဖြစ်သာမဟုတ်ပဲ၊ ဦးနှောက်ဖြင့် တွေးကြည့်ပါကလည်းမှန်ကန်သောဝတ္တရားတစ်ခုဖြစ်ကြောင်းကိုပါဆွေးနွေးတင်ပြ
သွားမည် ဖြစ် သည်။

 

ဘသူးလ်(ရန်ကုန်)


 ဟေဂျားဘ်

 
  

ဘာကြောင့် ဟေဂျားဘ် ၀တ်ဆင်သင့်ပါသလဲ။

    ကျွန်မ ဤဆောင်းပါးတွင် ဟေဂျားဘ်၏ အရေးပါပုံကို သာသနာ့တာဝန်တစ်ရပ် အဖြစ် သာမဟုတ်ပဲ၊ ဦးနှောက်ဖြင့် တွေးကြည့်ပါကလည်း မှန်ကန်သော ၀တ္တရားတစ်ခု ဖြစ်ကြောင်း ကိုပါ ဆွေးနွေးတင်ပြသွားမည် ဖြစ် သည်။

    အမှန်စင်စစ် ကျွန်ုပ်တို့၏ မပြည့်စုံသောဦးနှာက်ဖြင့် အလ္လာဟ်အရှင်မြတ်ဘက်မှ ၀ဟီကျတော်မူသော ပြီးပြည့်စုံ သည့် ကောင်းကင်ကျ ကျမ်းတော်မြတ်ကုရ်အာန်၏ အမိန့်တော်များကို ဆန်းစစ်ခြင်းမှာ မိကျောင်း မင်း ရေကင်းပြသ ကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။ ထိုအရှင်မြတ် ပေးသနားထားသော ဦးနှောက်ဖြင့်ပင် ထိုအရှင်မြတ်၏ အမိန့်တော်များကို ဆန်းစစ်ဝေဖန်ခြင်းမှာ မသင့်လျော်သော်ငြားလည်း လူ့အလို နတ်မလိုက်နိုင် ဆိုသကဲ့သို့ပင် လူသားသည် အလ္လာဟ် အရှင်မြတ်သခင်၏ အမိန့််တော်များကို အလွယ်တကူ လိုက်နာရန်မှာ လွန်စွာပင် ခက်ခဲပေသည်။ အထူးသဖြင့် သစ် ပင်ဖြောင့် တက်ရခက် ဆိုသည့်အတိုင်း မှန်ကန်သော အရာသည် နားထဲသို့ အ၀င်ခက်ပေသည်။ လူသားသည် မိမိ၏ စိတ်အလိုဆန္ဒ နှင့် ဆန့်ကျင်သောအရာ ဟူသမျှကို အလ္လာဟ်အရှင်မြတ်ပင် အမိန့်ပေးသောငြား လည်း သွေဖည်ငြင်း ပယ်နိုင်ရန် အကြောင်းပြချက်မျိုးစုံ ယူဆောင်လာကြပေသည်။ အမှန်စင်စစ် များစွာသောလူတို့သည် အလ္လာဟ်အ ရှင်မြတ်ကို ဆည်းကပ်ကိုးကွယ်ကြခြင်းမဟုတ်ပဲ၊ မိမိတို့၏ စိတ်အလိုဆန္ဒများကိုသာ ဆည်းကပ်ကိုးကွယ်နေကြခြင်းသာ ဖြစ်လေသည်။

 
أَرَأَيْتَ مَنِ اتَّخَذَ إِلَهَهُ هَوَاهُ أَفَأَنْتَ تَكُونُ عَلَيْهِ وَكِيلا

 
                ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ဖွရ်ကာန် ၊ အာယသ်တော် အမှတ် - ၄၃ တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်ကြီး (ဆွ) အား အကြောင်းခံထား၍ မေးမြန်းမိန့်ကြားတော်မူသည်မှာ - မိမိ၏ အလိုဆန္ဒများ ကို ရှေ့ တန်း တင် ကာ စိတ်၏အလိုဆန္ဒကို ကိုးကွယ်ရာအဖြစ် ထားသောသူကို တွေ့ဖူးပါသလား။ အသင် တမန်တော်မြတ်(ဆွ) သည် ထိုသူ၏ အုပ်ထိန်းသူ (ရှေ့နေ) ဖြစ်နိုင်ပါသလား၊ တစ်နည်းအားဖြင့် ထိုသူအား ကာကွယ်၍ လမ်းမှန်ကို ညွှန်ပြနိုင်ပါသလား။

             ထိုကဲ့သို့သော အကြောင်းများကြောင့် ကျမ်းတော်မြတ်ကုရ်အာန်သည်မှန်ကန် တိကျသော ကောင်း ကင်ကျ ကျမ်းဂန် ဖြစ်သော်ငြားလည်း အလ္လာဟ်အရှင်မြတ်သည် လူသားများအား မိမိတို့၏ ဦးနှောက်ဖြင့် ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော်များ အပေါ်တွင် တွေးတောရန် အကြိမ်ကြိမ် တိုက်တွန်းထားပြီး မိမိတို့၏ ဦးနှောက်ဖြင့် ကျေးကျွန် ကိုယ်တိုင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိစေရန် လမ်းဖွင့်ပေး ထားခြင်း ဖြစ်ပေ သည်။

                    ထို့ကြောင့် အေမာမ်ဆွာဒစ်(က်)(အ.စ) မိန့်တော်မူသည်မှာ - တစ်နာရီ စဉ်းစားတွေးခေါ်ခြင်းသည် တစ်ညလုံးနိုးကြား၍ အေဗါဒသ် ၀တ်ပြုခြင်းထက် ပိုမိုမြင့်မြတ်ပေသည်။

                 အဘယ်ကြောင့်ဆိုသော် အမှန်တရားကို ညွှန်ပြ၍ တွေ့ရှိခြင်းထက်၊ မိမိကိုယ်တိုင် ရှာဖွေဆန်း စစ် လေ့ လာမေးမြန်းကာ အားထုတ်ကြိုးစား၍ ရရှိသော အမှန်တရား သည် ပိုမိုမြဲမြံ ခိုင်ခံ့နက်နဲစွာ မိမိ၏ ဦးနှောက်ထဲသို့ စိုက်ဝင်သွားမည် မဟုတ်ပါလော။ ထို့ကြောင့် ကျွန်မတို့လည်း ဟေဂျားဘ် ၀တ်ဆင်ရခြင်း အကြောင်းအရင်းကို မိမိတို့ ကိုယ်တိုင် ရှာဖွေကြပါစို့။သာသနာ၏ သက်သေသာဓကများနှင့် သာမက မိမိတို့၏ ဦးနှောက်ကို အသုံးပြု၍ပါ သာသ နာ၏ မိန့်ရပ်များကို စဉ်းစားတွေးခေါ်ကြပါစို့။ အင်န်ရှာအလ္လာဟ် ကျွန်ုပ်တို့အားလုံး အလ္လာဟ်အရှင်မြတ်၏ အ မိန့်တော်များကို သိရှိနားလည်၍ လိုက်နာခြင်းဖြင့် အဆုံးသတ်ကောင်းသူများ၊ အောင်မြင်သူများထဲတွင် ပါဝင်အောင် ကြိုးစားကြပါစို့။

        

ဟေဂျားဘ်ဝတ်ဆင်ရခြင်း အကြောင်းအရင်းကို ကျမ်းတော်မြတ်ကုရ်အာန်နှင့် ရေ၀ါယသ်၊ ဟဒီး(စ်)တော်များ အတွင်းမှ ဆန်းစစ်ရှာဖွေခြင်း။

 
အဘယ့်ကြောင့် ဟေဂျားဘ် ၀တ်ဆင်ရပါမည်နည်း။

       

ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီးစ်တော်များမှ ကောက်နှုတ်ချက်။    

   

            (၁) ဟေဂျားဘ်နှင့် ပက်သက်၍ ကုရ်အာန်၏အမြင် (စူရာဟ် နူးရ်၊ အာယသ်တော်အမှတ် - ၃၁)

 
             အို တမန်တော်(ဆွ) အီမာန်သက်ဝင်ယုံကြည်သော အမျိုးသမီးများကို ပြောကြားပါလေ။ မိမိတို့၏ မျက်လုံးများ ကို ထိန်းသိမ်းကြကုန်လော့ (သူစိမ်းအမျိုးသား များအားကြည့်ခြင်းကို ရှောင်ကျဉ်ကြကုန်လော့)။ မိမိတို့ကိုယ်ကို ထိန်း သိမ်းကြလေကုန်။ သဘာဝအလျောက် ပေါ်လွင်နေသော အစိတ်အပိုင်း (မျက်နှာနှင့်လက်ကောက်ဝတ် အောက်ပိုင်း) မှလွဲ၍ မိမိတို့၏ လှပမှုများကို မပြစားကြကုန်လေနှင့်။ မိမိတို့၏ ပုဝါအနားစ များဖြင့် မိမိတို့၏ ရင်ဘတ်ကို ဖုံး အုပ်ကြလေ ကုန်။ (ဆိုလိုသည်မှာ လည်ပင်းနှင့်ရင်ဘတ် မပေါ်လွင်အောင် ၀တ်ဆင်ခြင်း ဖြစ်သည်။) မိမိတို့၏ လင်ယောက်ျားများ၊ ယောက္ခထီးများ၊ သားများ၊ လင်ပါသားများ၊ အစ်ကိုမောင်များ၊ (အစ်ကို၊အစ်မ များ၏ သားများ) တူများ၊ (ဘာသာဝင်)အမျိုးသမီးများ၊ အမျိုးသမီးများကို စိတ်ဝင်စားမှုမရှိသော အမျိုးသားများ၊ လိင်ကိစ္စနှင့်ပက်သက်၍ မသိနားမလည်သေးသော ကလေးငယ်များ မှအပ ကျန်ရှိသောသူ များအရှေ့တွင် မိမိတို့၏ လှပမှုများကို မပေါ်လွင် ပါစေနှင့်။ လမ်းလျှောက်ချိန်တွင် မိမိတို့၏ ခြေထောက်တွင် ဝတ်ဆင်ထားသော လှပမှုများကို ပေါ်လွင်စေ ရန် ခြေကိုဆောင့်၍ လမ်းမလျှောက်ကြကုန်လင့်။ (ခြေကျင်းဝတ်မှ ထွက်ပေါ်လာသောအသံနှင့် အချို့ဖိနပ်များ (ဒေါက်ဖိနပ်များ) မှ ထွက်ပေါ်လာသောအသံများ စသည်ဖြင့် မည်သည့်အရာမဆို အခြားသူ များ၏ အာရုံကို မိမိပေါ်သို့ ကျရောက်လာစေရန် ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေပါက ထိုကဲ့သို့သော ဝတ်စားဆင်ယင်မှု မျိုးမှ ရှောင်ကျဉ် ရန် ဖြစ် သည်။) အခြားအာယသ်တော်တွင် လာရှိသည်မှာ -

အို တမန်တော် မိမိ၏ ဇနီးများ၊ သမီးများနှင့် အီမာန်သက်ဝင်ယုံကြည်သော အမျိုးသမီး    များအား ပြောကြားလော့။ ရှည်လျားသော ပုဝါခြုံထည်များ(ဝတ်ရုံရှည်များ) ဖြင့် မိမိတို့အား မမြင်နိုင်ရန်နှင့် ၊ အနှောက်အယှက်ပေးမှုများမှ ကင်းဝေးစေရန် မိမိတို့ကိုယ်ကို ဖုံးအုပ်ကြလေကုန်။ အကယ်၍ ယခုချိန်ထိ အမှားကျူးလွန်ခဲ့မိပါကလည်း သိထားရန်မှာ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သနားကြင်နာ၍ ခွင့်လွှတ်ပလပ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေ သည်။ ( ဆိုလိုသည်မှာ အကယ်၍မသိနားမလည်မှုကြောင့် ဤအမှားကို ကျူးလွန်ခဲ့ပြီး ယခု မိမိအမှားကို သိရှိနား လည် ကာ ပြန်လည်၍ မိမိကိုယ်ကို ပြုပြင်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ အမိုက်အမှားများကို ခွင့်လွှတ်ပလပ်တော် မူမည်ဖြစ်သည်။)




                ထို့အပြင် ဟဒီးစ်တော်တွင် လာရှိသည်မှာ -  တစ်ရက်တွင် အဗူဘက်ရ် ၏သမီး အိုင်ရှာ၏ညီမ ဖြစ်သူ အက်စ်မာသည် ခန္ဓာကိုယ် ပေါ်လွင်စေသည့် ပါးလွှာသော အဝတ်များဝတ်လျက် တမန်တော်မြတ်(ဆွ)၏ အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။ ထိုအချိန်တွင် တမန်တော်မြတ်(ဆွ)သည် မိမိ၏မျက်နှာတော်ကို တစ်ဖက်သို့ လွှဲတော်မူလိုက် ပြီး အက်စ်မာအား မိန့်ကြားတော်မူခဲ့သည်မှာ - အို အက်စ်မာ၊ အမျိုးသမီးတစ်ဦး အရွယ်ရောက်ပြီ   (၉နှစ်)ဆိုသည်နှင့် တစ်ပြိုင်နက် သူမ၏ လက်ကောက်ဝတ်အောက်ပိုင်းနှင့် မျက်နှာမှလွဲ၍ ကျန်သော ခန္ဓာကိုယ် အစိတ် အ ပိုင်းများကို မပေါ်လွင်စေသင့်ပေ။

    အကျဉ်းချုပ်အားဖြင့် ပြောရမည်ဆိုလျှင် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီးစ်တော်၏ အမြင်တွင် မျက်နှာနှင့် လက်ကောက်ဝတ်အောက်ပိုင်းမှလွဲ၍ ကျန်အစိတ်အပိုင်းများ အားလုံးကို နာမဲဟ်ရမ်များ အရှေ့တွင် ဖုံးအုပ်ရမည်မှာ အသက်ကိုးနှစ်ပြည့်ပြီးသော မွတ်စ်လင်မ်အမျိုးသမီးတိုင်း အတွက် (၀ါဂျိဘ်) အပြုမနေရတာဝန်တစ်ရပ်ပင်ဖြစ်သည်။ (မျက်နှာနှင့်လက်ကောက်ဝတ် အောက်ပိုင်းကို ဖုံးအုပ်ရန်မလိုဟု ဆိုသည်မှာလည်း ထိုအစိတ်အပိုင်းများအား မည်သည့် ပြင်ဆင် ခြယ်သမှုမှ ပြုလုပ်မထားသောအချိန်ကို ဆိုလိုခြင်းဖြစ်သည်။

    သိမှတ်စရာ။  ။ ဤအတိုင်းအတာ မ၀တ်ဆင်ပါက (အခြားမည်ကဲ့သို့ပင် ၀တ်ဆင်ပါစေ။) မပြည့်စုံသော ဟေဂျားဘ် ဝတ်စားဆင်ယင်မှုမျိုးပင်ဖြစ်သည်။ အမှန်တကယ် သေချာစွာ ကြည့်မည် ဆိုလျှင် မပြည့်စုံသောဟေဂျားဘ် ဆိုသည့်အ သုံးအနှုန်းမှာ မတိကျသောအသုံးအနှုန်းတစ်ခုသာလျှင် ဖြစ်သည်။

    အကယ်၍ တိကျသေချာစွာ ပြောရမည်ဆိုလျှင် မပြည့်စုံသောဟေဂျားဘ် ဆိုသည့် အသုံးအနှုန်း သာသနာတွင် မရှိပေ။ သာသနာတွင် လာရှိသော ဟေဂျားဘ်ဝတ်ဆင်မှု ဆိုသည်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အတိုင်းအတာပမာ ဏသည် အထက်တွင်ဖော်ပြထားသည့်အတိုင်းပင် ဖြစ်သည်။ ထိုအတိုင်းအတာပမာဏ၊ အဓိပ္ပါယ်ဖွင့် ဆိုချက်နှင့် အညီ ဟေဂျားဘ်ဝတ်ဆင်မှုပြုပါက၊ တစ်နည်းအားဖြင့် လိုက်နာပါက ဟေဂျားဘ်ဝတ်ဆင်ခြင်း ဟုမည်ပြီး ၊ သို့မ ဟုတ်ပါက အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ကို ငြင်းပယ် ဆန့်ကျင် မနာခံခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ မလိုက် နာ၊ ငြင်းပယ်ခြင်း၏ ဆိုးကျိုးသည်လည်း အသင်တို့ထံသို့ပင် ပြန်လာမည် ဖြစ်သည်။

 
يَا أَيُّهَا النَّاسُ إِنَّمَا بَغْيُكُمْ عَلَى أَنْفُسِكُمْ

 
(စူရာဟ် ယူနွတ်စ်၊ အာယသ်တော်အမှတ် - ၂၃)

 
အို အမျိုးသမီး …

    ဂျန္နသ်အမျိုးသမီးထု၏ ခေါင်းဆောင်၊ အာဒမ်(အ.စ) လက်ထက်မှစ၍ ကေယာမသ်နေ့တိုင် ဤဒွန္နယာလောက သို့ ရောက်လာမည့် အမျိုးသမီးများ၏ ရှေ့ဆောင်စံနမူနာ၊ တမန်တော်မြတ်(ဆွ) ၏ နှလုံးသည်းပွတ်၊ မျက်စိ၏ အလင်းရောင်နှင့် ထိုတမန်တော်မြတ်(ဆွ) ကိုယ်တော်တိုင် ထိုထိပ်ခေါင်သခင်မကြီးနှင့် ပက်သက်၍ - ဖွါသွေမာ(စ.အ) သည် ကျွန်ုပ်ထံမှ ဖြစ်သည်။ အခြား ရေဝါယသ်တစ်ခုတွင် တမန်တော်မြတ်ကြီး(ဆွ) မိန့်တော်မူသည်မှာ - ဖွါသွေမာ (စ.အ)သည် ကျွန်ုပ်၏ အစိတ်အပိုင်း ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သော ထိုသခင်မကြီးထံမှ အသင့်ဆီသို့ ပို့ဆောင် ခဲ့သည့် သဝဏ်လွှာမှာ -

    အကောင်းဆုံးနှင့် အမွန်မြတ်ဆုံးအမျိုးသမီး ဆိုသည်မှာ ယောက်ျားများ ထိုအမျိုးသမီးကို မမြင်နိုင်ရုံသာမက ထိုအမျိုး သမီးသည်လည်း ယောက်ျားများကို ကြည့်မြင်ခြင်းမှ ရှောင်ကျဉ်သော အမျိုးသမီးပင်ဖြစ်သည်။

    ဟဒီးစ်တော်၏ ဆိုလိုချက်မှာ - မိမိကိုယ်ကို သူစိမ်းယောက်ျားများ၏ အကြည့်များမှ ရှောင်ရှား၍ လုံခြုံအောင် ဟေ ဂျားဘ်ဝတ်ဆင်ခြင်း ဖြစ်ပြီး၊ မိမိကိုယ်တိုင်လည်း အစ္စလာမ့်အမျိုးသမီး တစ်ဦးအနေဖြင့် ထိုကဲ့သို့မသင့်လျော်သော အကြည့်များဖြင့် ယောက်ျားများကို ကြည့်ခြင်းမှ ရှောင်ကျဉ်ရန် ဖြစ်သည်။

                                    ဘသူးလ်(ရန်ကုန်)

 



 



ဒေါင်းလုတ်ဒ်

- အရမ်းကောင်းပါတယ်...သဘောလဲကျတယ်
...ဘာလို့လဲဆိုတော့ကိုယ်ကိုတိုင်လဲဟေဂျာဘ်ဆောင်း
တဲ့သူတယောက်ဖြစ်တဲ့အတွက်...ပြီးတော့အခုလို
တိုးတက်နေတဲ့မီဒီယာခေတ်မှာအမျိုးသသမီးတွေဟာပေါ်
ပေါ်လော်လော်ဝတ်ဆင်မဲ့အစားအခုလို့ကို့islandကပြဌာနး
ထားတဲ့ဟေဂျာဘ်ကိုဝင်ဆင်မယ်ဆိုရင်အမျိုးသမီးများ
အနေနဲ့ပိုသင့်တော်မယ်လို့အကြံပြုချင်ပါတယ်
salma zarkra



အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်