ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာ။
ကုတ် နံပါတ် : 333647  ရက်စွဲ : 2012/08/01 - 17:57 ကိုးကားချက် : mmsyprint

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာ။

မိတ္ထီလာမြို့၌ကျင်းပသည့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံအတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး
အဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာအား http://news.mmsy.info/news/4634
မှ တိုက်ရိုက်ကူးယူ တင်ပြ အပ်ပါသည်။အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန၊အဗ်နာ 

 ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာ။

 
၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်နေ့မှ ၃၀-ရက်နေ့အထိ၊ မိတ္ထီလာမြို့၌ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံသို့ မင်္ဂလာဖြာဖြာနှင့်ပြည့်စုံသော ဤသ၀ဏ်လွှာကို ကျွန်ုပ် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ပေးပို့ပါသည်။

 
ပြည်ထောင်စုအတွင်း ပေါက်ဖွား၍ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည် အမှန်စင်စစ် တိုင်းရင်းသားများ ဖြစ်ပေသည်။ တိုင်းရင်းသား အစစ်အမှန်ဖြစ်ကြသည့်အလျှောက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ သာသနာရေးတွင် တရားသဖြင့် လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရေး၊ တရားသဖြင့် လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေး၊ နိုင်ငံတော်က အစ္စလာမ်ဘာသာ သာသနာတော်ကို နိုင်ငံတော်တွင်ရှိနေသော ကိုးကွယ်ရာဘာသာတစ်ရပ်ဟု အသိအမှတ်ပြုသော အခွင့်အရေး၊ ဘာသာရေးနှင့်ပတ်သက်၍ တရားသဖြင့် စည်းရုံးနိုင်သော အခွင့်အရေးများကို အခြားဘာသာဝင် တိုင်းရင်းသားများကဲ့သို့ အညီအမျှ ရကြလေသည်။

 
ထိုအခွင့်အရေးများကို အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တို့ဖြင့် ရရှိကြသည်မဟုတ်။ တိုင်းရင်းသားအဖြစ်ဖြင့်သာ ရရှိခြင်းကြောင့် အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ကိုယ်ကိုမိမိတို့ တိုင်းရင်းသားဟူ၍ ပဌမဦးစွာ စွဲမှတ် သဘောပိုက်ကြပြီးလျှင် တိုင်းရင်းသားတို့၌ ရှိအပ်သော တိုင်းရင်းသားစိတ်ဓာတ်ကို တဖွါးဖွါးပေါ်ပေါက်အောင် မွေးမြူကြရပေမည်။

 
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အမျိုးမျိုးသော ဘာသာဝင်အပေါင်းတို့သည် ဘာသာဝင်အနေဖြင့် တစ်တိုင်းပြည်လုံး၏ စည်းလုံးညီညွတ်မှုကို မရရှိနိုင်ပေ။ တိုင်းရင်းသားအနေဖြင့်သာ စည်းလုံးညီညွတ်မှုကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ တိုးတက်ကြီးပွါး စည်ပင်သာယာရေးကို ဆောင်ရွက်ရာ၌၊ မည်သည့်ဘာသာဝင်မဆို ဘာသာရေးစိတ်ဓာတ်ထက် တိုင်းရင်းသားစိတ်ဓာတ်ကို ပိုမိုရင့်သန်အောင် မွေးမြူအပ်ပေသည်။ ထိုမှသာလျှင် တိုင်းရင်းသားပီသ၍ တိုင်းရင်းသားတို့ ခံစားထိုက်သော အခွင့်အရေးများကို တူညီစွာ ခံစားထိုက်ပေသည်။

 
ယနေ့ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကြီး၌ အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ ဘာသာဝင်အပေါင်း၏ကောင်းကျိုး၊ အမျိုးဘာသာ၏ကောင်းကျိုးကို ထိရောက်စွာ ဆွေးနွေးတိုင်ပင် နှီးနှောကြပြီးလျှင် အမျိုးဘာသာ သာသနာကြီး၏ တိုးတက်ကြီးပွါးရေးကို ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအတိုင်း တရားသဖြင့် ပွါးများ ကျင့်ကြံနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

 
ဦးဘဦး

နိုင်ငံတော် သမ္မတ

ပြည်ထောင်စု မြန်မာနိုင်ငံတော်။

၁၃၁၈-ခုနှစ်၊ နတ္တော်လပြည့်ကျော် ၁၁-ရက်။

(၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်)။



 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်