အေမာမ်အလီ(အ.စ)၏ ဘဝသမိုင်းအကျဉ်းချုပ်။ အပိုင်း(၃)
ကုတ် နံပါတ် : 335887  ရက်စွဲ : 2012/08/10 - 22:02 ကိုးကားချက် : msmprint

အေမာမ်အလီ(အ.စ)၏ ဘဝသမိုင်းအကျဉ်းချုပ်။ အပိုင်း(၃)

အာဂါယေ ဟိုင်ဒဲရ် မရှ်ဟဒီ ရေးသားသီးကုံးထားသည့် အေမာမ်အလီ(အ.စ)၏ ဘဝသမိုင်းအကျဉ်းချုပ်။
အပိုင်း(၃) အား msm site မှ တိုက်ရိုက် ချစ်ပရိတ် သတ်ကြီး အတွက် ကူးယူဖော်ပြ လိုက်ပါသည်။
အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ 

ဟိုင်ဒဲရ်မရှ်ဟဒီ


 အေမာမ်အလီ(အ.စ)၏ ဘဝသမိုင်းအကျဉ်းချုပ်။ အပိုင်း(၃)

ကအ်ဘာကျောင်းတော်အနီးတွင်အခြားသူများနင့် ရှိနေသော တမန်တော်မြတ် (ဆွ)၏ ဦးရီးတော် အဘာစ် အိဘ်နေ အဘ် ဒွလ်မွတ်လိဘ်အပါအ၀င် ကအ်ဘာကျောင်းတော်၏ နံရံ အက်ကွဲကာ ဖှာတေမာ ဘင်သေအစဒ် သခင်မကြီး ၀င်ရောက်ပြီးနောက် နဂိုအ တိုင်း ပြန် လည်ဖြစ် သွားသည်ကို အံ့ဖွယ် ဖြစ်ရပ်တစ်ခုပင် ကို မျက်မြင် တွေ့ရှိခဲ့ကြရသည်။
ထိုသတင်းသည် မက္ကာတစ်မြို့လုံးကို တောမီးပမာ ပျံ့နှံ့သွားသည်။ ကအ် ဘာ ကျောင်းတော် ၏ သော့များကို ယူဆောင်ပြီး ဖွင့် ခဲ့သော်လည်း ထိုကြိုးစားမှုမှာ အ ချည်းနှီးပင် ဖြစ်သည်။
ထိုအဖြစ်အပျက် ဖြစ်ပွားပြီး (၄)ရက်မြောက်နေ့တွင် ကအ်ဘာကျောင်းတော် ၀န်းကျင် တွင် ကြောက်ရွံ့ မှုနှင့်အ တူ ရောက်ရှိနေသော လူစုလူဝေးများသည် ကအ်ဘာကျောင်းတော် ၏ သော့မှာ အလိုအ လျောက်ပွင့်သွားခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ကြသည်။ ထို မြင့်မြတ်လှသော အဆောက်အအုံအတွင်း မှ ဖှာတေမာဘင်သေအစဒ် သခင်မကြီး သည် တောက်ပစွာ ထွက်ပေါ်လာပြီး သခင်မကြီး၏ လက်အတွင်းဝယ် မျက်စိလေးများ ပိတ် ထားသည့် စိတ်ရွှင် လန်းစေသော ကလေးငယ်လေး ပါလာ ခဲ့သည်။
အခြားသော ထူးခြားမှုတစ်ခုမှာ သခင်မကြီးနှင့် ကလေးငယ်အား စောင့်မျှော်နေချိန်တွင် တမန်တော် မြတ်(ဆွ)သည် ထိုအဖြစ်အပျက်များ ဖြစ်ပွားရာ မက္ကာမြို့တွင် မရှိဘဲ ခရီးတစ်ခုကို သွားနေခဲ့သည်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) သည် ခရီးမှ ပြန်လည်ရောက်ရှိလာရာ ကအ် ဘာကျောင်းတော်သို့ သွားရောက်၍ ကလေးငယ် အလီ(အ.စ)၏ ပထမဦးဆုံး မျက် လုံးဖွင့် လာမှုနှင့် ပြုံးရွှင်နေသော အစ္စလာမ့်တမန်တော်တို့ တွေ့ဆုံကာ နှုတ်ခွန်းဆက်ခဲ့သည်။
“အစ္စလာမု အလိုင်းက ယာရစူလွလ္လာဟ်”ဟူသော နှုတ်ခွန်းဆက်မှု သည်ပင် အေမာမ် အ လီ(အ.စ) သည် မွေးစဉ် ကပင် မွစ်လင်မ်တစ်ဦး အဖြစ် မွေးဖွားခဲ့ပြီး မုဟမ္မဒ်(ဆွ)အား အလ္လာဟ့် တ မန်တော် ဖြစ်ကြောင်း ကို သက်သေခံ ခဲ့သည် မှာ အငြင်းပွားဖွယ် မရှိပါ။ တ မန်တော်မြတ်(ဆွ) သည် အေ မာမ် အလီ(အ.စ)ကို ချစ်မြတ်နိုးစွာ မိမိ၏ လက်တွင်ယူဆောင် ခဲ့သည်။ အေမာမ်အလီ(အ.စ)အား တ မန်တော်မြတ်(ဆွ)မှ ပထမဦး ဆုံး ရေချိုးသန့် စင်ပေးခြင်းနှင့်အတူ မိမိ ၏ နောက် ဆုံးအချိန်တွင် ထို ကလေးမှ မိမိအား ရေချိုးပေး မည် ဖြစ်ကြောင်း ကြိုတင် ဟောကိန်းထုတ်ခဲ့သည်။ ထိုဟောကိန်း အတိုင်းပင် တ မန်တော်မြတ်(ဆွ) ၀ဖားသ်ဖြစ်ချိန်တွင် အေမာမ်အလီ(အ.စ)မှ ရေချိုးပေးခဲ့သည်။ တ မန်တော်မြတ်(ဆွ) သည် ကလေးငယ်၏ နားတွင် ကပ်၍ အဇာန်နှင့် အကာမသ်ကို ရွတ် ဆိုပေးခဲ့ သည်။
အေမာမ်အလီဘင်န်အဘီတွာလိဘ်(အ.စ)သည် မိမိမွေးဖွားပြီး ရက်အနည်းငယ်တိုင် မည် သည့်အစား အစာမှ စား သုံးခြင်း မရှိဘဲ တမန်တော်မြတ်(ဆွ)၏ လျှာကို စုပ်ထားခဲ့သည်။ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အ.စ)အား ကြင်နာယုယစွာဖြင့် အ၀တ် ၀တ် ဆင်ပေးခြင်းနှင့် မိမိကိုယ်တိုင် ကလေးငယ်အတွက် အစားအစာကို ၀ါးကာ ခွံ့ကျွေး ခဲ့သည်။ တမန်တော်မြတ်(ဆွ) ခွံ့ကျွေးသော အစားကိုသာ အေမာမ်အလီ(အ.စ)မှ စားသောက်ခဲ့ သည်။ တမန်တော်မြတ်(ဆွ)သည် မိမိအနီးတွင် မကြာခဏ ခေါ်အိပ်ခဲ့ ရာ အေမာမ် အ လီ(အ.စ)မှ တမန်တော်မြတ်(ဆွ) ၏ နွေးထွေး မှုနှင့် မွှေးပျံ့သော ရနံ့တို့ကြောင့် ပျော် ရွှင်ခဲ့ရသည်။
ကအ်ဘာကျောင်းတော်ဟူသော မုတ်ခွံအတွင်းမှ တန်ဖိုးမဖြတ်နိုင်သော ပုလဲအဖြစ် လည်းကောင်း၊ အလ္လာဟ့်အိမ်တော် ဟူသော ဓားအိမ်အတွင်းမှ ဓားဟူ၍ လည်းကောင်း၊ အလ္လာဟ့်အိမ်တော် အတွင်းမှ ၀န်းကျင်တစ်ခုလုံးကို အ လင်းရောင်ပေးသော မီးအိမ် အဖြစ် လည်းကောင်း အေမာမ်အလီ(အ.စ)ကို ခိုင်းနှိုင်း၍ ဖော်ပြခြင်းများ ရှိခဲ့သည်။
အေမာမ်အလီ(အ.စ)သည် နှစ်ထောင်ပေါင်းများစွာ အုတ်မြစ်ချခဲ့သည့် မြင့်မြတ် လှသော နေရာ၏ ပရ၀ုဏ်အ တွင်း မွေး ဖွား ခဲ့သည့် တစ်ဦးတည်းသော ကလေး ငယ် ဖြစ် သည်။

 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်